တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်  ဇွန်   ၂၅


တိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့၌   သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး   ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး   အသက်   ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊    မသန်စွမ်းသူ များ၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊   နာတာရှည်ရောဂါအခံ ရှိသူများ၊   ကယ်ဆယ်ရေးစခန်း များ၊   ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ     ပြည်သူများ၊ အသက် ၅ နှစ်မှ  ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ် တန်းနှင့်   အထက်တန်းအဆင့် ကျောင်းသား  ကျောင်းသူများ စသည့်         ဦးတည်အုပ်စုများ သတ်မှတ်၍       တပ်မတော်မှ ဆေးအဖွဲ့များ၊    ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး    ဝန်ထမ်းများနှင့် စေတနာ့       ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို    ဆောင်ရွက်ပေးလျက် ရှိသည်။

 


ကာကွယ်ဆေးထိုးနှံ


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်     ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် ၌ ဒေသခံပြည်သူ   ၁၃၉၆၅  ဦး၊ ရခိုင်ပြည်နယ်နှင့်   ချင်းပြည်နယ် အတွင်းရှိ    မြို့နယ်ငါးမြို့နယ်၌ ဒေသခံပြည်သူ ၁၂၁၅ ဦး၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ    ခရိုင် ခုနစ်တို့မှ ဒေသခံပြည်သူ ၃၁၄၇ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက       ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊       သက်ဆိုင်ရာ ကျန်းမာရေး          ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးသည်။

 


ထို့အတူ      ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ   ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသား ကျောင်းသူ    ၁၀၅၁၉   ဦးတို့ကို တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန် များ၊   သက်ဆိုင်ရာ  ကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်း များနှင့်   ပူးပေါင်း၍  ကိုဗစ်- ၁၉ ရောဂါ   ကာကွယ်ဆေး  ထိုးနှံပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်   ပြည်နယ်များမှ  တာဝန် ရှိသူများက   သွားရောက်ကြည့်ရှု အားပေးပြီး    လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်