တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော် မေ   ၂၈


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး  ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး   အသက်   ၄၀  အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊    မသန်စွမ်းသူ များ၊  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊  နာတာရှည်ရောဂါအခံ ရှိသူများ၊  ကယ်ဆယ်ရေးစခန်း များ၊    ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ      ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့်   အထက် တန်းအဆင့်     ကျောင်းသား ကျောင်းသူများ စသည့်ဦးတည် အုပ်စုများ         သတ်မှတ်၍ တပ်မတော်မှ    ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊   သူနာပြုများ၊  ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက   ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို   ဆောင်ရွက်ပေး လျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်   ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ် တို့၌   ဒေသခံပြည်သူ  ၁၃၄၉၀၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌ ဒေသခံပြည်သူ    ၄၈၂၇  ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်    ခုနစ်ခရိုင်တို့၌   ဒေသခံ ပြည်သူ    ၁၉၂၁၁    ဦးတို့ကို တပ်မတော်မှ   ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ   ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး သည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်   ပြည်နယ်များမှ   တာဝန် ရှိသူများက   သွားရောက်ကြည့်ရှု အားပေးပြီး   လိုအပ်သည်များ ညှိနှိုင်း      ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်