
နေပြည်တော် စက်တင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက် ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ် သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး တို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၅၅နှစ်အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည်ရောဂါအခံရှိသူ များ၊ ကယ်ဆယ်ရေးစခန်းများနှင့် ယာယီတိုက်ပွဲရှောင် စခန်းများ ရှိ ပြည်သူများ စသည့် ဦးတည် အုပ်စု ၁၆ စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ် ထိုးနှံပေးလျက်ရှိသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်၌ ၂၃၈၉ ဦး၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ ၂၆၇၄ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်၌ ၃၅၃၈၆ ဦး၊ တနင်္သာရီတိုင်းဒေသ ကြီး မြိတ်မြို့နယ်နှင့် ပလောက် မြို့နယ်တို့၌ ၁၈၀၀၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ငါး မြို့နယ်တို့၌ ၄၅၁၃ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၉ မြို့နယ်တို့၌ ၁၀၉၄၃ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌ ၁၇၉၅၃ ဦး၊ စစ်ကိုင်းတိုင်းဒေသ ကြီး ခန္တီးမြို့နယ်တို့၌ ၅၁၈ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့၌ ၉၈၉၄ ဦး နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁မြို့နယ်တို့၌ ၈၅၅၀ တို့ကို (အပေါ်ပုံ) တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေး ပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်