တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများ ပြုလုပ်

 

နေပြည်တော်   ဧပြီ   ၁၃    

 

မြန်မာ့ရိုးရာ  အစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ်  ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့    ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်         ဖွင့်ပွဲများကို တိုင်းဒေသကြီးနှင့်  ပြည်နယ်များ၊ တိုင်းစစ်ဌာနချုပ်များ၌      ယနေ့ ညနေပိုင်းတွင်     ကျင်းပပြုလုပ် လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊    တိုင်း ဒေသကြီးနှင့်      ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊     တိုင်းမှူးများ၊ တိုင်းစစ်ဌာနချုပ်များမှ     အရာရှိ ကြီးများ၊   အရာရှိ၊     စစ်သည်၊ မိသားစုဝင်များ၊   ယိမ်းအကအဖွဲ့ များနှင့်      ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 


ထိုသို့    ရေကစားမဏ္ဍပ်ဖွင့်ပွဲ များကို      ကျင်းပပြုလုပ်ကြရာ ကျိုင်းတုံမြို့ရှိ   မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့်  တြိဂံဒေသ တိုင်းစစ်ဌာနချုပ်    မဟာအတာ သင်္ကြန်   ဗဟိုမဏ္ဍပ်တို့၌   လည်း ကောင်း၊ မန္တလေးမြို့ရှိ   ဈေးချိုသူ မဏ္ဍပ်နှင့်   အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်  မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်နှင့် နန်းမြို့သူဖျော်ဖြေရေး မဏ္ဍပ်တို့၌ လည်းကောင်း၊   အရှေ့ တောင်တိုင်းစစ်ဌာနချုပ် ရေကစား မဏ္ဍပ်၌ လည်းကောင်း၊   ရန်ကုန် တိုင်းစစ်ဌာနချုပ်    ကုန်းမြင့်သာ ရေကစားမဏ္ဍပ်၌  လည်းကောင်း၊ စစ်တွေမြို့ရှိ   ဦးဥတ္တမပန်းခြံရှေ့ မဟာသင်္ကြန်ပွဲတော်   ဗဟိုမဏ္ဍပ် နှင့်    အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်    မဟာသင်္ကြန်မဏ္ဍပ်တို့၌ လည်းကောင်း၊   အနောက်မြောက် တိုင်းစစ်ဌာနချုပ်    ဗဟိုမဏ္ဍပ်၌ လည်းကောင်း၊     နေပြည်တော် တိုင်းစစ်ဌာနချုပ်   စုပေါင်းအတာ ရေသဘင်မဏ္ဍပ်၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း    စစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌လည်းကောင်း ၊ အရှေ့မြောက်တိုင်း   စစ်ဌာနချုပ် ရေကစားမဏ္ဍပ်နှင့်  လားရှိုးမြို့ရှိ မဟာသင်္ကြန်မဏ္ဍပ်၌        လည်း ကောင်း၊ အရှေ့ပိုင်းတိုင်း  စစ်ဌာန ချုပ် ရေကစားမဏ္ဍပ်၌   လည်း ကောင်း၊  အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်      ဗဟိုမဏ္ဍပ်နှင့် တပ်နယ်အသီးသီးရှိ   ရေကစား မဏ္ဍပ်တို့၌       လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ် ပုလဲရွှေပြည်ရေကစားမဏ္ဍပ် ၌လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်    ဗဟိုမဏ္ဍပ်၌ လည်းကောင်း၊   တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၌   လည်း ကောင်း      အသီးသီးပြုလုပ်ကြ ပြီး      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊    တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ  ဝန်ကြီး ချုပ်များနှင့်    တိုင်းစစ်ဌာနချုပ် အသီးသီးမှ      တိုင်းမှူးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 


ထို့နောက်     အတာသင်္ကြန် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်    ယိမ်း အကအလှများဖြင့်   ယှဉ်ပြိုင်ကပြ ဖျော်ဖြေခြင်း၊  စတုဒိသာကျွေးမွေး ခြင်းနှင့် ပျော်ရွှင်စွာရေပက်ကစား ခြင်းတို့ဖြင့် အတာရေသဘင်ပွဲတော် ကို  ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။      

 

 သတင်းစဉ်