
နေပြည်တော် စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်း မှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်း လျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့ မြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရာက် ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် PPE ဝတ်စုံ ၂၅ စုံ၊ Mask ၁၀၀၀၊ လက်သန့်ဆေးရည်များနှင့် စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀၊ မြို့နယ် ပြည်သူ့ ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံ တည် ဆောက်ရန်အတွက် ငွေကျပ်သိန်း ၁၁၀ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံ ပြည်သူများက စုပေါင်းလှူဒါန်းထားသော မော်လိုက် မြို့ အောင်သာယာရပ်ကွက်ရှိ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အလုံး ၁၂၀ ထွက်ရှိသော KHO-30 အမျိုးအစား အောက်ဆီဂျင်စက် စတင် တပ်ဆင်စမ်းသပ် လည်ပတ်ထုတ်လုပ်နေမှု အခြေ အနေများကို ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်