
နေပြည်တော် ဇူလိုင် ၂၃
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသ ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင် များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀) သို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင် ၅၁ လုံး၊ နေပြည်တော်ပရဟိတအသင်းများဖြစ်သည့် မျှဝေသောလက် ပရဟိတအသင်းသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင် ၁၅ လုံးနှင့် ဒို့လယ်ဝေးပရဟိတ အသင်းသို့ လီတာ ၄၀ ဆံ့ အောက်ဆီဂျင် ၁၀ လုံး တို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများကလည်းကောင်း၊ ရခိုင် ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးငါးလုံးနှင့် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးငါးလုံးတို့ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများကလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုး ၆၄ လုံးနှင့် စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး ၅၀ တို့ကို စစ်ကိုင်းတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင် လင်းက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိုးညို မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး၂၀ နှင့် လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုး အလုံး ၄၀ တို့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း အသီးသီးသွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင်လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်