
နေပြည်တော် ဇန်နဝါရီ ၃၁
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့၌ လည်းကောင်း၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နှင့် လောက်ကိုင် မြို့တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နှင့် နမ့်စန်မြို့တို့၌လည်းကောင်း၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ငါးမြို့နယ် တို့၌ လည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်နှင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့၌ လည်း ကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ခန္တီးမြို့နှင့် မော်လိုက်မြို့တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်နှင့် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌ လည်း ကောင်း ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်သော မြန်မာ့ တပ်မတော်အား ထောက်ခံပါသည်၊ NUG၊ CRPH၊ PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG၊ CRPH၊ PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်း ရေး ပြည်ပစွက်ဖက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လုပ်ငန်းစဉ် (၅) ရပ်အား ထောက်ခံပါသည်၊ ပြည်ဖျက်သည့် CRPH၊ NUG လူသတ်သည့် PDF ဆန့်ကျင်ကြ၊ NUG၊ PDF အကြမ်းဖက်မှုအမြစ်ဖြတ်၊ NUG၊ PDF အကြမ်းဖက် မှုတွေ မြင်အောင်ကြည့်၊ NUG၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ်’’ စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်