တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ  အခြေခံပညာကျောင်းများ  အေးချမ်းတည်ငြိမ်စွာ  ဖွင့်လှစ်သင်ကြား

 

နေပြည်တော် ဇွန်  ၂၉

 

၂၀၂၁-၂၀၂၂  ပညာသင်နှစ်အတွက်   အခြေခံပညာ ဦးစီးဌာနအောက်ရှိ     အခြေခံပညာအထက်တန်း အဆင့်၊    အလယ်တန်းအဆင့်နှင့်  မူလတန်းအဆင့် ကျောင်းများ  ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌  တစ်ပြိုင်တည်း  အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
ထိုသို့   စာသင်ကျောင်းများ  ပြန်လည်ဖွင့်လှစ် လျက်ရှိရာ ယနေ့တွင် နေပြည်တော်၊  ရန်ကုန်နှင့်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ    ကျောင်းများ အပြင်   တိုင်းဒေသကြီးနှင့်     ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူ များက COVID-19  စည်းမျဉ်းစည်းကမ်းများနှင့်အညီ  တက်ရောက်ပညာ သင်ကြားလျက်ရှိသည်။
ထို့ပြင်  ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ ဆရာမများက  ကျောင်းသား ကျောင်းသူများ  အဆင်ပြေချောမွေ့စွာ  ပညာသင် ကြားနိုင်ရေးအတွက်  လိုအပ်သည်များ  ဆောင်ရွက် ပေးပြီး    ကျောင်းများလုံခြုံရေးနှင့်  ကျောင်းသား ကျောင်းသူများ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း   သတင်းရရှိသည်။သတင်းစဉ်