တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြား

 

နေပြည်တော်   ဇွန်  ၂၈


၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများ  ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
ထိုသို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် လျက်ရှိရာ ယနေ့တွင်  နေပြည်တော်၊ ရန်ကုန်နှင့်       မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများက COVID-19     စည်းမျဉ်း    စည်းကမ်းများနှင့်အညီ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ထို့ပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ    အဆင်ပြေချောမွေ့စွာ    ပညာ သင်ကြားနိုင်ရေးအတွက်      လိုအပ်သည်များ ဆောင်ရွက်ပေးပြီး    ကျောင်းများလုံခြုံရေးနှင့် ကျောင်းသား   ကျောင်းသူများ  လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။                                         
သတင်းစဉ်