
နေပြည်တော် ဇွန် ၂၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်ကျောင်းများအား ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင် ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
ထိုသို့ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ကျောင်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်း များ၌ ကျောင်းသား ကျောင်းသူ များက COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ တက် ရောက်ပညာ သင်ကြားလျက်ရှိ သည်။
ထို့ပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများ နှင့် ဆရာ ဆရာမများက ကျောင်း သား ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရေး အတွက် လိုအပ်သည်များ ဆောင် ရွက်ပေးပြီး ကျောင်းများ လုံခြုံရေး နှင့် ကျောင်းသား ကျောင်းသူများ လုံခြုံရေးအတွက် လုံခြုံရေးတပ် ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူ များက ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်