
နေပြည်တော် ဇူလိုင် ၇
၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲစဉ်အဖြစ် မကွေးတိုင်း ဒေသကြီး အသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့၏ ယှဉ်ပြိုင်မှုကို ဇူလိုင် ၉ ရက် နံနက် ၇ နာရီခွဲတွင် လည်းကောင်း၊ ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ် အသင်းတို့၏ ယှဉ်ပြိုင်မှုကို မွန်းလွဲ ၃ နာရီတွင်လည်းကောင်း နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဘောလုံးပွဲစဉ်များအား နံနက် ၇ နာရီ ၁၅ မိနစ်နှင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV Channel ၊ MRTV Sports Channelနှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်