
နေပြည်တော် အောက်တိုဘာ ၁၀
ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။
ညှိနှိုင်းဆောင်ရွက်
ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့ တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)သို့ ပုသိမ်စက်မှု ဇုန်ရှိ Ayeyarwady Development Public Group မှ လှူဒါန်းသော အောက်ဆီဂျင်ထုတ်လုပ်သည့်စက် ရောက်ရှိတပ်ဆင်နေမှုကိုလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့ နယ်မြေခံတပ်မတော်ဆေးရုံ၌ စတင်လည်ပတ်နေသည့် Oxygen Plant စက်ရုံကို လည်းကောင်း သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်