
နေပြည်တော် အောက်တိုဘာ ၄
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည် ပြု ပိုးတွေ့လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့် လူနာများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ ဆေးရုံများ၊ ကျန်းမာရေးဌာန များနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက် အားတိုက် ဆောင်ရွက်ပေး လျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ် ဆေးသိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၌ ထားရှိရာ အဆိုပါ ဆေးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် မြေပြင်ခရီးလမ်း ကြောင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ဖြန့်ဖြူး ပေးလျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးရာတွင် ဆေးတစ်လုံးလျှင် လူငါးဦးထိုးနိုင်သော Sinopharm ဆေးအလုံးပေါင်း ၂၀၀၀၀ ကို တောင်ကြီးမြို့သို့ အအေးခန်း စနစ်ပါ သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်ကြီးများဖြင့် ဆက်လက် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ် - ၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စု လူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်း အတွက် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း အချိန်နှင့်တစ်ပြေးညီ ဖြန့်ဖြူးပေးခြင်းဖြစ်သည်။ အလားတူ ဝေးလံ ခက်ခဲသောဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေးလေယာဉ်များ၊ မြန်မာ့လေကြောင်းတို့၏ အကူအညီများရယူကာ လေကြောင်းခရီးများ ဖြင့် ဆက်လက်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်