
နေပြည်တော် စက်တင်ဘာ ၂၃
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူအားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်း တွင်လည်း မိမိတို့၏ မြို့၊ ရွာ၊ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်လျက်ရှိသည့် အပြင် ဆေးရုံ၊ ဆေးခန်းများ၌ ခြင်၊ ယင်၊ ပေါက်ဖွားမှု မရှိစေရေးနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား လေကောင်းလေသန့်ရရှိစေရန် ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည် တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်ရှစ်မြို့နယ် တို့၌ လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်း ပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၁ မြို့နယ် တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တို့၌လည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးမြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ် နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တို့၌ လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်နှင့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်နှင့် ကြာအင်း ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တို့၌ လည်းကောင်း၊ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာကျောင်း များ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဆေးခန်းများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ က ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ဆေးရုံးဝင်း အတွင်း/ အပြင် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် ခြင်၊ ယင် ပိုးမွှား များ ပေါက်ဖွားမှုမရှိစေရန် ခြင်ဆေးဖျန်းခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ် များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက် လျက်ရှိသည့် လူနာများအား အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်