တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်ဖြန့်ဖြူး

 

ရန်ကုန်   နိုဝင်ဘာ  ၁၃


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည် ပြုပိုးတွေ့လူနာများနှင့်  သီးသန့် စောင့်ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ ဆေးရုံများ၊    ကျန်းမာရေးဌာန များနှင့်   ကိုဗစ်စင်တာများတွင် ကျန်းမာရေး  စောင့်ရှောက်ပေး ခြင်းနှင့်     တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊    ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များ ပူးပေါင်း၍ ဆောင်ရွက်ပေး လျက်ရှိရာ     ၎င်းလုပ်ငန်းများ တွင်  အထောက်အကူဖြစ်စေရန် အတွက်   ကိုဗစ်-၁၉   ရောဂါ     ကာကွယ်ဆေးများကို တိုင်းဒေသ ကြီးနှင့်     ပြည်နယ်အသီးသီးသို့   သတ်မှတ်  အအေးလမ်းကြောင်း  စံချိန်စံညွှန်းများအတိုင်း တပ်မတော် (လေ)မှ လေယာဉ်များ၊    Cold  Chain  Delivery   Logistics မော် တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။

 


ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း ၌ ထားရှိသော  ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနိုင်သော SINOVAC ဆေးများနှင့်        ဆေးတစ်လုံး လျှင် လူငါးဦးထိုးနိုင်သော Sino-pharm    ကာကွယ်ဆေးများကို နေပြည်တော် ကောင်စီနယ်မြေသို့ SINOVAC ဆေး ၃၁၅၅၂  လုံးနှင့် ဆေးထိုးအပ်များ၊   မော်လမြိုင် မြို့သို့ SINOVAC ဆေး ၂၈၀၃၉ လုံးနှင့် Sinopharm ဆေး ၂၀၀၀၀၊ ကရင်ပြည်နယ်သို့    SINOVAC ဆေး  ၁၅၀၁၈  လုံးနှင့်    Sino-pharm ဆေး ၁၀၀၀၀၊  ပဲခူးတိုင်း ဒေသကြီးသို့  SINOVAC   ဆေး ၄၂၂၂၂ လုံးနှင့် Sinopharm ဆေး ၂၃၁၃၁ လုံးတို့ကို  Cold  Chain Delivery Logistics   မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေး ခဲ့ရာ တာဝန်ရှိသူများက   လက်ခံ ယူခဲ့ကြောင်းနှင့်  သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်