ရန်ကုန် နိုဝင်ဘာ ၁၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေး လမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော် (လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၌ထားရှိသော ဆေးတစ်လုံးလျှင် လူ နှစ်ဦးထိုးနိုင်သည့် Sinovac ဆေးများကို မြစ်ကြီးနား မြို့သို့ ကာကွယ်ဆေး ၁၅၇၄ လုံး၊ စစ်တွေမြို့သို့ ကာကွယ်ဆေး ၉၄၄၅ လုံး၊ သံတွဲမြို့သို့ ကာကွယ် ဆေး ၃၀၀၀၀ ၊ လားရှိုးမြို့သို့ ကာကွယ်ဆေး ၄၈၆၂ လုံး၊ ကျိုင်းတုံမြို့သို့ ကာကွယ်ဆေး ၂၉၁ လုံး၊ လွိုင်ကော်မြို့သို့ ကာကွယ်ဆေး ၁၉၆ လုံး၊ ကလေး မြို့သို့ ကာကွယ်ဆေး ၅၀၀၀ နှင့် ထားဝယ်မြို့သို့ ကာကွယ်ဆေး ၁၂၁၃လုံးတို့ကို မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်ရှိ တပ်မတော်(လေ)မှ ပို့ဆောင်ရေး လေယာဉ်များဖြင့် လည်းကောင်း၊ မန္တလေးမြို့သို့ ကာကွယ်ဆေး ၅၅၃၇၇ လုံးနှင့် မုံရွာမြို့သို့ ကာကွယ်ဆေး ၁၈၁၉၉ လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် လည်းကောင်း ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်