
ပြည် အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အောက် တိုဘာ ၈ ရက် နံနက်ပိုင်းက ပြည်မြို့နယ် နှင့် ပေါက်ခေါင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ချောင်းကောင်း ကျေးရွာအုပ်စု ချောင်းကောင်း-သပြေတောင်လမ်း အရှည်(၂)မိုင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြည်မြို့နယ် ဂွေးပင်ကုန်း ကျေးရွာ အဝင်တံတား တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးစေရေး တာဝန်ရှိ သူများအား မှာကြားခဲ့ပြီး ဂွေးပင်ကုန်းကျေးရွာ တွင်းနက်စက်ရေတွင်းမှ ဆိုလာစနစ်ဖြင့် သောက်သုံး ရေတင်နေမှုအား သွားရောက်ကြည့်ရှုသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ပြည်မြို့ မူယာပင်ခန်းမ၌ ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၆၉၉ ကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း ၆၅ ခုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ရာ သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပန်းတောင်းမြို့ ရွှေဘုံသာမုနိစေတီတော် မြတ်ကြီး အား သွားရောက်ဖူးမြော်ကန့်တော့ခဲ့ပြီး မျက်နှာ ကြက် အလယ်ကွက်နှင့် မျက်နှာကြက် ဘေးကွက် အတွက် အလှူငွေကျပ် ၂၅၉၅၀၀ဝ ကို လှူဒါန်းခဲ့ သည်။ ၎င်းနောက် ပြည်မြို့ မဟာသုဒဿနာရာမ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ကို သွားရောက်ဖူးမြော်ကန်တော့ကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ပြီးနောက် ရွှေဆံတော်စေတီတော်သို့ သွားရောက်ဖူးမြော်ကန်တော့ကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်