
ရန်ကုန် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့)တွင် ရေကစားကြသူများ၊ ရေပက်ခံထွက်ကြသူ များဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရေကစား ခြင်း၊ ရေပက်၊ ရေကစားသူ ပြည်သူများအား စတုဒိသာကျွေးမွေးဧည့်ခံခြင်းများဖြင့် မဟာ သင်္ကြန်ပွဲတော် အတက်နေ့ကို အမှတ်(၁၂၂)ရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် ပင်းယလမ်း တစ်လျှောက် မြို့နယ်ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၆ ရက်မှစတင်၍ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက် ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ မြို့နယ်ရေကစားမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတ သီဆိုဖျော်ဖြေမှုများဖြင့်ဧည့်ခံဖျော်ဖြေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များ က ကြည့်ရှုအားပေးခဲ့ကြပြီး ကပြဖျော်ဖြေသည့် ယိမ်းအဖွဲ့များ၊ သီဆိုဖျော်ဖြေကြသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဏ္ဍပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖျော်ဖြေရေး၊ ယိမ်း အကအလှများဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း အဆိုတော်၊ ဝါသနာရှင်များ ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မြန်မာ့ရိုးရာ သင်္ကြန်ယိမ်းအက အလှများဖြင့် ကပြခြင်း၊ ရေကစားခြင်းများကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြ ပြီး ပြည်သူများအား စတုဒိသာအဖြစ် ကြက်ဆီ ထမင်းဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည့်အပြင် ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ပြည်သူ များ ပျော်ရွှင်စွာ ရေပက်ခံ ရေကစားလျက် ရှိကြောင်း သိရသည်။ ဝင်းအိမွန်(ပြန်/ဆက်)