တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် လူဦးရေစာရင်းများကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ လစဉ် Update ဖြစ်အောင် ဆောင်ရွက်ရမည်

နေပြည်တော် အောက်တိုဘာ ၅ လာမည့်ရွေးကောက်ပွဲကို စနစ် တကျရှိပြီး အများယုံကြည်လက်ခံ သော လွတ်လပ်၍ တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်အောင် အဘက်ဘက်မှ ကြိုတင်မျှော်တွေး စဉ်းစားဆောင်ရွက်ကြရန် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ကော်မရှင် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲ အရာရှိများကို မှာကြားသည်။ ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်း စဉ် ၅ ရပ်အနက် လုပ်ငန်းစဉ် (၁) အရ မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ် ဆောင်သင့် လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီ ဆောင် ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းစဉ် (၅) အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင် ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် မိမိတိုင်း ဒေသကြီး/ ပြည်နယ် အတွင်းရှိ မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံး စသည့် လူဦးရေစာရင်း များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လစဉ် Update ဖြစ် အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထို့ပြင် မဲရုံနေရာချထား မှုများ၊ မဲရုံသုံးပစ္စည်းများ ဖြည့် ဆည်းခြင်းနှင့် လိုအပ်ချက်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်း ဒေသကြီး/ ပြည်နယ်အလိုက် မိမိ တို့၏ ဝန်ထမ်းများကို စုဖွဲ့ခြင်း၊ ဖြည့်တင်းခြင်း၊ လေ့ကျင့်သင်ကြား ပေးခြင်းဖြင့် အဆင်သင့်ဖြစ်အောင် ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေး တွင် တာဝန်ရှိသူများက မဲစာရင်း များ ပြည့်စုံမှန်ကန်ရေး ဆောင် ရွက်နေမှု၊ မဲရုံများ လျာထား သတ်မှတ်နိုင်ရေး၊ မဲရုံသုံးပစ္စည်း များ ဖြည့်တင်းနိုင်ရေးတို့နှင့် စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို တင်ပြ ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက လုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်းအစည်းအဝေးသို့ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲ အရာရှိများ တက်ရောက်ခဲ့ကြ ကြောင်းနှင့် ရွေးကောက်ပွဲအကြို ကာလလုပ်ငန်းစဉ်များကို ကြိုတင် ပြင်ဆင်ဆောင်ရွက်နိုင်ရန် ပြုလုပ် သည့် ညှိနှိုင်းအစည်းအဝေးဖြစ် ကြောင်း သိရသည်။ သတင်းစဉ်