တိုင်းစစ်ဌာနချုပ်များ၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်  ဖေဖော်ဝါရီ    ၂၆
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နှင့် ယနေ့တို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်  တောင်ပိုင်းတိုင်းစစ်ဌာနချုပ်များရှိ သတ်မှတ်နေရာအသီးသီး၌ပြုလုပ်ရာ  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက် ကြသည်။
ဦးစွာ  ဒုတိယဗိုလ်ချုပ်ကြီး   တေဇကျော်၊   တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင် အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ   ယှဉ်ပြိုင်နေမှုများကို  ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသော အသင်းများအား ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တိုင်းမှူး များနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်သည်။
အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ကွပ်ကဲမှုအောက်   တပ်ရင်း၊  တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။                   သတင်းစဉ်