
နေပြည်တော် မတ် ၂၈
(၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်း အနားများကို မတ် ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ ကျင်းပပြုလုပ်ကြရာ တိုင်းစစ် ဌာနချုပ်များအလိုက် တိုင်းမှူးများက တက်ရောက် မိန့်ခွန်းပြောကြားကြသည်။
ထို့နောက် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲများ တွင် ပထမဆုရရှိကြသည့် အရာရှိ၊ စစ်သည်များနှင့် အဆင့်တိုးမြှင့်ခြင်းခံရသည့် စစ်သည်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများက အဆင့် တံဆိပ်များ၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တပ်မတော်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား တိုင်းမှူး နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။ ညပိုင်းတွင်(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲများကို တိုင်းစစ်ဌာနချုပ်များ အလိုက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်