တို့ကမ္ဘာမြေသန့်ရှင်းသာယာဖို့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ကြပါစို့

Type

 

‌ဒေါက်တာတင်အောင်ဝင်း
(ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)

 

 ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်းပါး
 

 

(ယမန်နေ့မှအဆက်)


မဟာဗျူဟာနှင့်  ပင်မလုပ်ငန်းအစီအစဉ်တွင် ပန်းတိုင်ခြောက်ခုကို ချမှတ်ထားပါသည်။    အဆိုပါ ပန်းတိုင်တစ်ခုချင်းစီနှင့်ပတ်သက်၍    ကာလတို (၂၀၁၈-၂၀၂၀)၊ ကြားကာလ  (၂၀၂၁-၂၀၂၅)  နှင့် ကာလရှည် (၂၀၂၆-၂၀၃၀) အလိုက် ဆောင်ရွက်မည့် အဓိကကျသော ရည်မှန်းချက်များနှင့်  အဆိုပြု လုပ်ဆောင်ချက်များကို ရေးဆွဲချမှတ်ထားပါသည်။ အဆိုပါ ပန်းတိုင်ခြောက်ခုမှာ -


u    ပန်းတိုင်(က)   ပတ်ဝန်းကျင်ကို မထိခိုက်စေ သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာ စေရေးအတွက်  ပထမဆုံးခြေလှမ်းအဖြစ် ထိ ရောက်သည့်  စွန့်ပစ်ပစ္စည်းသိမ်းဆည်းသည့်      ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် ခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်ခြင်းနှင့်  လေဟာပြင် မီးရှို့ခြင်းများ  လျော့နည်းပပျောက်အောင် ဆောင် ရွက်ခြင်း၊ 
u     ပန်းတိုင်   (ခ)   ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း များနှင့် စက်မှုလုပ်ငန်းများမှထွက်ရှိသော စွန့်ပစ် ပစ္စည်းများအတွက် ရေရှည်တည်တံ့ပြီး  ပတ်ဝန်း ကျင်ကို ထိခိုက်မှုမဖြစ်စေသော စီမံခန့်ခွဲမှု အစီ အစဉ်များအား တိုးချဲ့ဆောင်ရွက်ခြင်း၊
u     ပန်းတိုင်(ဂ) စွန့်ပစ်ပစ္စည်းများအား ရေရှည် စနစ် တကျ စီမံခန့်ခွဲနိုင်စေရေးအတွက်စွန့်ပစ်ပစ္စည်း ထွက်ရှိမှုကို  လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်း နှင့်    ပြန်လည်ပြုပြင်   ထုတ်လုပ်ခြင်းများကို         ကျင့်သုံးဆောင်ရွက်ခြင်း၊   ထိုမှတစ်ဆင့် စွန့်ပစ် ပစ္စည်းများကို အရင်းအမြစ်များအဖြစ် ပြန်လည် အသုံးပြုဆောင်ရွက်သည့်    လူမှုအဖွဲ့အစည်း တစ်ရပ် တည်ထောင်ခြင်း၊ 
u     ပန်းတိုင် (ဃ) စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက်  အစဉ်လည်ပတ်နေမည့်  ရန်ပုံငွေထားရှိစေခြင်း၊ 
u     ပန်းတိုင်(င) အသိပညာပေးလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်ခြင်း၊     ထောက်ခံအားပေးစေခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် 
u     ပန်းတိုင်(စ)  လိုက်နာဆောင်ရွက်ခြင်း၊ စောင့် ကြပ်ကြည့်ရှု စစ်ဆေးခြင်း၊  ဥပဒေ  စည်းမျဉ်း       စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေခြင်း၊ အသိ အမှတ်ပြုခြင်းတို့ ဖြစ်ကြပါသည်။

 


ထို့အပြင်  မြို့ပြများနှင့်  ကျေးလက်ဒေသများ တွင် စွန့်ပစ်ပစ္စည်းများကို  စည်းကမ်းမဲ့ တိုက်ရိုက် စွန့်ပစ်ခြင်း၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲမှု  မပြု လုပ်ဘဲ စွန့်ပစ်ခြင်း၊ စက်ရုံများမှ ထွက်ရှိလာသည့် စွန့်ပစ်ရေများကို စနစ်တကျ သန့်စင်မှုမပြုလုပ်ဘဲ ပတ်ဝန်းကျင်ရှိ    ရေထု၊    မြေထုများအတွင်းသို့ တိုက်ရိုက်စွန့်ပစ်ခြင်း၊ စက်ရုံများမှ ထွက်ရှိလာသည့် ထုတ်လွှတ်အခိုးအငွေ့များကို သန့်စင်မှုမပြုလုပ်ဘဲ ပတ်ဝန်းကျင်လေထုအတွင်းသို့  တိုက်ရိုက်ထုတ် လွှတ်ခြင်း၊ ဓာတုပစ္စည်းများအား အသုံးပြုခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို စနစ်တကျ စီမံဆောင်ရွက်မှုမရှိ ခြင်းနှင့် လူသားတို့၏ကျန်းမာရေးနှင့်   သဘာဝ ပတ်ဝန်းကျင်အပေါ်      အန္တရာယ်ဖြစ်စေနိုင်သော ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲမှုမရှိခြင်းတို့ကြောင့်   လေထု၊    ရေထုနှင့် မြေထုညစ်ညမ်းမှုများ  မဖြစ်ပေါ်စေရေးအတွက်     သက်ဆိုင်ရာဌာနများ၊ မြို့တော်စည်ပင်သာယာရေး           ကော်မတီများနှင့်   တိုင်းဒေသကြီး/   ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များက          ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

 


စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံအနေဖြင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ   ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်ဆောင်ရွက်ပြီး    ကမ္ဘာ့နိုင်ငံများနည်းတူ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို လေ့လာတွေ့ရှိနိုင်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့်   ဘေးအန္တရာယ်ရှိ   စွန့်ပစ် ပစ္စည်းများ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင် ခြင်းနှင့် စွန့်ပစ်ခြင်းများကို ထိန်းချုပ်ခြင်းဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ကြာရှည်စွာ မပျောက်မပျက်တည်မြဲ နေနိုင်သည့်  အော်ဂဲနစ် ဓာတုပစ္စည်းများဆိုင်ရာ စတော့ဟုမ်းကွန်ဗင်းရှင်းတို့တွင်     အဖွဲ့ဝင်နိုင်ငံ အဖြစ်ပါဝင်ပြီး စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက်      ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 

 


ထို့အပြင်    အာဆီယံဒေသအတွင်း၌လည်း အာဆီယံဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာ လုပ်ငန်းအဖွဲ့  (ASEAN  Working  Group on Chemicalsand Waste - AWGCW)  နှင့် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်ဖွံ့ဖြိုး သောမြို့ကြီးများ လုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities-  AWGESC) တို့တွင် ပူးပေါင်းပါဝင်ပြီး  ဓာတုပစ္စည်း များနှင့်စွန့်ပစ်ပစ္စည်းများကို  စနစ်တကျစီမံခန့်ခွဲ နိုင်ရေးနှင့်  လေ၊ ရေ၊ မြေသန့်ရှင်းပြီး အစဉ်ဖွံ့ဖြိုး တိုးတက်သောမြို့ကြီးများ ဖြစ်ပေါ်လာစေရေး စသည့် လုပ်ငန်းများကို  အာဆီယံနိုင်ငံများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 


စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် 
ဆောင်ရွက်ကြရမည့်တာဝန်


စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသည် နိုင်ငံသူနိုင်ငံသား များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိက အဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ  ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည့်     လုပ်ငန်းရပ်တစ်ခုဖြစ်သည်။ လူတစ်ဦးတစ်ယောက်ချင်းမှစ၍     ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များမှတစ်ဆင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ နိုင်ငံအဆင့်အထိ ထိရောက်ကောင်းမွန် သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များကို ကျင့်သုံး အကောင်အထည်ဖော်နိုင်မှသာ လက်ရှိကြုံတွေ့နေ ရသော     စွန့်ပစ်ပစ္စည်းဆိုင်ရာပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

 


ပြည်သူများက စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန် တာဝန်ယူဆောင်ရွက်ပြီး စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သောလုပ်ငန်းကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးကော်မတီများက     အပြည့်အဝ တာဝန်ယူဆောင်ရွက်နိုင်မည်ဆိုပါက     ပြည့်စုံ ကောင်းမွန်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်များရှိသည့်      မြို့ပြကျေးလက်လူနေမှုပုံစံများနှင့် သန့်ရှင်းသည့် ပတ်ဝန်းကျင်အခြေအနေများကို ဖန်တီး ဖော်ဆောင်သွားနိုင်မည် ဖြစ်သည်။

 


စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် အကြံပြုချက်များ


လုပ်ငန်းကဏ္ဍအသီးသီးမှ    ထွက်ရှိလာသော ဘေးအန္တရာယ်ရှိ   စွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်းအမျိုးမျိုးကို ရရှိနိုင်သည့် နည်းပညာ၊ အရင်းအမြစ်များအပေါ် အခြေခံပြီး ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေသည့်     နည်းလမ်း ကောင်းများ၊     အလေ့အကျင့်ကောင်းများကို အသုံးပြု၍ စွန့်ပစ်ပစ္စည်း  စီမံဆောင်ရွက်ခြင်း လုပ်ငန်းများ     တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆက်စပ်အစိုးရဌာနများ အပါအဝင် ပုဂ္ဂလိကများ၊ အစိုးရမဟုတ်သော  အဖွဲ့အစည်းများနှင့်   လူမှု အဖွဲ့အစည်းများ ပူးပေါင်းပြီး စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ အကောင်အထည်ဖော်            ဆောင်ရွက်ရာတွင် အနာဂတ်ကာလ၌     ကြုံတွေ့လာနိုင်ဖွယ်ရှိသော စွန့်ပစ်ပစ္စည်းနှင့်ပတ်သက်သည့် ပြဿနာများနှင့် စိန်ခေါ်မှုများကိုပါ ထည့်သွင်းစဉ်းစားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မည်ဆိုပါက ရလဒ်ကောင်း များ ရရှိလာနိုင်မည်ဖြစ်ပါသည်။

 


စွန့်ပစ်ပစ္စည်းများကြောင့်     ပတ်ဝန်းကျင် ညစ်ညမ်းမှုများနှင့်   လူသားတို့၏ ကျန်းမာရေး အပေါ်ထိခိုက်မှုများ     မဖြစ်ပေါ်စေရေးအတွက် စွန့်ပစ်ပစ္စည်းများအား စနစ်တကျစီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များကို              အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထည့်သွင်းပေါင်းစပ်ဆောင်ရွက် ရန် အကြံပြုလိုသည့်နည်းလမ်းများမှာ-


u    စွန့်ပစ်ပစ္စည်း  ထွက်ရှိမှုပမာဏကို အနည်းဆုံး ဖြစ်အောင် လျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင် သေးသောပစ္စည်းများကို  အကြိမ်ကြိမ် ပြန်လည် အသုံးပြုခြင်း၊
u    ထုတ်ကုန်ပစ္စည်းအသစ်များ  ထုတ်လုပ်ရာတွင်  စွန့်ပစ်ပစ္စည်းများကို     ကုန်ကြမ်းများအဖြစ်       ထည့်သွင်းအသုံးပြုခြင်း၊
u  စွန့်ပစ်ပစ္စည်းများကို မြေသြဇာ၊ စွမ်းအင်၊ ဇီဝ လောင်စာနှင့်     ကုန်ကြမ်းပစ္စည်းများအဖြစ်        ပြန်လည်ထုတ်လုပ်ခြင်း၊
u    စွန့်ပစ်ပစ္စည်းများအား ခွဲခြားစွန့်ပစ်သည့် နည်း လမ်းများကို ကျင့်သုံးဆောင်ရွက်ခြင်း၊
u စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းများအတွက် ထိုက်သင့်သောဝန်ဆောင်ခများကောက်ခံ၍ စီမံ ခန့်ခွဲခြင်း၊
u    စွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏ၊ စွန့်ပစ်မှုပမာဏ၊   ထွက်ရှိသည့် စွန့်ပစ်ပစ္စည်း အမျိုးအစားများကို စစ်တမ်းကောက်ယူ၍   ကိန်းဂဏန်းအချက် အလက်များ ထိန်းသိမ်းသည့်စနစ်များ တည် ထောင်ခြင်း၊
u    စွန့်ပစ်ပစ္စည်း   စွန့်ပစ်ခြင်းဆိုင်ရာ အလေ့အကျင့် ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စွန့်ပစ် ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးမှုများ  ဆောင်ရွက်ခြင်း၊   ပြန်လည်အသုံးပြု၍   မရနိုင် သော  စွန့်ပစ်ပစ္စည်းများနှင့်  ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို  ပတ်ဝန်းကျင်ထိခိုက်မှုမရှိ
    စေသော  ခိုင်လုံသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု စနစ်များဖြင့် စနစ်တကျ ဖျက်ဆီးစွန့်ပစ်ခြင်း၊
u    ပြည်တွင်းရှိ လုပ်ငန်းကဏ္ဍအသီးသီးမှ ထွက်ရှိ လာသော    စွန့်ပစ်ပစ္စည်းများအား    ပြန်လည် ပြုပြင် ထုတ်လုပ်သည့်လုပ်ငန်းများကို  အားပေး ဆောင်ရွက်ခြင်း၊
u  စွန့်ပစ်ပစ္စည်းများကို   လျှော့ချခြင်း(Reduce)၊ ပြန်လည်အသုံးပြုခြင်း(Reuse)၊ ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်း(Recycle)ဆိုင်ရာလုပ်ငန်းများ     ဖွံ့ဖြိုးလာစေရေးအတွက်   စွန့်ပစ်ပစ္စည်းစွန့်ထုတ် သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင် ရာ    အစိုးရဌာန၊    အဖွဲ့အစည်းများ    ပူးပေါင်း ဆောင်ရွက်ခြင်း၊
u    လက်ရှိကျင့်သုံးဆောင်ရွက်နေသော စွန့်ပစ်ပစ္စည်း များကို စီမံခန့်ခွဲသည့်စနစ်များ၊ နည်းလမ်းများ တွင်    ကြုံတွေ့နေရသည့်    အခက်အခဲများနှင့်     နည်းပညာပိုင်းဆိုင်ရာ       လိုအပ်ချက်များကို​ ပြန်လည်သုံးသပ်ခြင်း၊
u     စွန့်ပစ်ပစ္စည်း  စီမံခန့်ခွဲမှုနှင့်   ပတ်သက်သည့် ဦးစားပေးဆောင်ရွက်ရမည့်    လုပ်ငန်းများကို လေ့လာဖော်ထုတ်ပြီး      အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
u    စွန့်ပစ်ပစ္စည်း  စီမံခန့်ခွဲမှုဆိုင်ရာ  သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
u     စွန့်ပစ်ပစ္စည်း    စီမံခန့်ခွဲမှုနှင့်    ပတ်သက်သည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့် စည်းမျဉ်းစည်းကမ်းများကို ပြန်လည် လေ့လာဆန်းစစ်ပြီး လက်ရှိအခြေအနေများ၊ နည်းပညာတိုးတက်မှုများနှင့်အညီ   ဖြည့်စွက် ပြင်ဆင်ပြဋ္ဌာန်းခြင်း၊
u စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းများကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်း ကျင်   ညစ်ညမ်းမှုများကို    ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့်    ဥပဒေ၊         စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်မှုများအား     စောင့်ကြပ် ကြည့်ရှု စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက် ခြင်း။

 


လူသားတိုင်းတွင် အဓိကတာဝန်ရှိ


ကမ္ဘာမြေကြီး ရေရှည်တည်တံ့စေရေးအတွက် စိမ်းလန်းသန့်ရှင်းပြီး     ကောင်းမွန်မျှတသော ပတ်ဝန်းကျင်     အခြေအနေကို     ထိန်းသိမ်း စောင့်ရှောက်ရေးသည် ကျွန်ုပ်တို့ လူသားတိုင်းတွင် အဓိကတာဝန်ရှိနေပါသည်။   ထို့အပြင်   ကျွန်ုပ်တို့ လက်ရှိမျိုးဆက်များအနေဖြင့်    ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်ကို       အမွေအနှစ်အဖြစ် အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးနိုင်ရန် လိုအပ်လှပါသည်။ 

 


အကျိုးရှိထိရောက်သည့်     စွန့်ပစ်ပစ္စည်းစီမံ ခန့်ခွဲမှုစနစ်များကို       အကောင်အထည်ဖော် ဆောင်ရွက်မှုများမှတစ်ဆင့် သဘာဝသယံဇာတများ ကို    စဉ်ဆက်မပြတ်   ထုတ်ယူအသုံးပြုနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်         ရေရှည်တည်တံ့ရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့်     လူသားတို့၏ ကျန်းမာရေးအပေါ်ထိခိုက်မှုများကို     ဖြေရှင်း ဆောင်ရွက်နိုင်ရေးနှင့်      ပတ်ဝန်းကျင်     ထိခိုက်မှု အနည်းဆုံးဖြစ်စေနိုင်သော လုပ်ငန်းများဖွံ့ဖြိုးလာ စေရေးတို့ကို     မျှော်မှန်းပြီး     ကျွန်ုပ်တို့အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရန်        အလေး အနက်ရည်မှန်း၍ “တို့ကမ္ဘာမြေ သန့်ရှင်းသာယာဖို့ စွန့်ပစ်ပစ္စည်းများကို    စနစ်တကျစွန့်ပစ်ကြပါစို့” ဟု    တိုက်တွန်းနှိုးဆော်ရင်း    “ တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆိုသည့် ဆောင်ပုဒ် နှင့်အတူ ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။    ။