တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ သောက်သုံးရေများဖြန့်ဝေ

 

နေပြည်တော်    မေ    ၁၀
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် ဥက္ကံမြို့ ကျွန်းတောကုန်း  ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၈၁ ဦးတို့ကို အဆိုပါကျေးရွာရှိ   ကျွန်းတော ကုန်းကျောင်းတိုက်၌     လည်း ကောင်း၊ လှည်းကူးမြို့နယ် အလံ တပိုကျေးရွာနှင့်   ပတ်ဝန်းကျင် ကျေးရွာများမှ  သံဃာတော် ၁၀ ပါးနှင့် ဒေသခံပြည်သူ ၁၀၀ တို့ကို အဆိုပါကျေးရွာရှိ    သာသနာ့ ဟိတကာရီ     ကျောင်းတိုက်၌ လည်းကောင်း ယနေ့တွင် ရန်ကုန် တိုင်းစစ်ဌာနချုပ်    နယ်လှည့် ဆေးကုသရေးအဖွဲ့က    လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ    ဆောင်ရွက်ပေး သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က  သံဃာ တော်များနှင့်    ဒေသခံပြည်သူ များအား  သွားနှင့်  ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊  သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊   ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို    တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက  သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ဒလမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးမှု ကြုံတွေ့ နေရသည့်  မှော်စက်ရပ်ကွက်ရှိ အိမ်ထောင်စု  ၂၅၁၄ စု၊  ကမာ ကဆစ်ရပ်ကွက်ရှိ အိမ်ထောင်စု ၃၀၁၂ စုနှင့် ဗညားဒလရပ်ကွက် နန်းဦးပရိယတ္တိ စာသင်တိုက်ရှိ သံဃာတော်များ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်  ကွပ်ကဲမှုအောက် တပ်နယ်များမှ နယ်မြေခံ  တပ်မတော်သားများ က   ရေသယ်ရေယာဉ်များဖြင့် သောက်သုံးရေဂါလန်   စုစုပေါင်း    ၆၂၅ဝဝ     သွားရောက်ဖြန့်ဝေ လှူဒါန်းပေးကြောင်း  သတင်းရရှိ သည်။                    သတင်းစဉ်