တိုက်ကြီးမြို့နယ် အဖျောက်မြို့၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်များအတွင်းရှိ မြို့များ၌ နှာခေါင်းစည်းများ သွားရောက်ပေးဝေလှူဒါန်း

နေပြည်တော်   ဇူလိုင်    ၅


အသက်ရှူလမ်းကြောင်းဆိုင်ရာ      ရောဂါ Coronavirus  Disease  2019(COVID-19) ရောဂါကာကွယ်ရေး  အထောက်အကူဖြစ်စေရန် အတွက်  ယနေ့တွင်   ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်  အဖျောက်မြို့  အခြေခံပညာ အထက်တန်းကျောင်း   (အဖျောက်)ရှိ   ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက  နှာခေါင်းစည်း  ၇၀၀  ကို  သွားရောက်ပေးဝေလှူဒါန်းသည်။


အလားတူ    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့၊  ကျုံပျော်မြို့၊  သာပေါင်းမြို့၊ ဟင်္သာတခရိုင်   ဟင်္သာတမြို့၊   မအူပင်ခရိုင် မအူပင်မြို့နှင့် ပန်းတနော်မြို့များရှိ လူစည်ကားရာ  ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံ ပြည်သူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သား များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  ကျန်းမာရေး ဝန်ထမ်းများက နှာခေါင်းစည်း ၂၀၁၀၀ ကို ဒေသခံ ပြည်သူများ၏    လက်ဝယ်အရောက်   အခမဲ့ သွားရောက်ပေးဝေ      လှူဒါန်းခဲ့ကြကြောင်း   သိရသည်။                                  

 သတင်းစဉ်