
နေပြည်တော် ဇူလိုင် ၅
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက် မြို့ အခြေခံပညာအထက်တန်းကျောင်း (အဖျောက်)ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များအား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုက်ကြီး တပ်နယ်မှ တာဝန်ရှိသူများက နှာခေါင်းစည်း ၇၀၀ ကို သွားရောက်ပေးဝေလှူဒါန်းသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့၊ ကျုံပျော်မြို့၊ သာပေါင်းမြို့၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ မအူပင်ခရိုင် မအူပင်မြို့နှင့် ပန်းတနော် မြို့များရှိ လူစည်ကားရာ ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများကို အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက နှာခေါင်းစည်း ၂၀၁၀၀ ကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့သွားရောက်ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်