တိုကျိုနှင့် တခြား ခရိုင် ၁၂ ခု၌ တစ်စိတ်တစ်ပိုင်းအရေးပေါ်အခြေအနေကြေညာရန် အစိုးရစီစဉ်


 

တိုကျို ဇန်နဝါရီ ၁၈ 
အိုမီခရွန်ဗိုင်းရပ်စ်ကြောင့်   ဂျပန် နိုင်ငံ၌  ကိုဗစ်-၁၉   ကူးစက်ဖြစ် ပွားမှုသစ်များ  စံချိန်တင်မြင့်တက် လျက်ရှိသည်။ အစိုးရသည် တိုကျို နှင့်    တခြားခရိုင် ၁၂ ခုတွင် တစ်စိတ်တစ်ပိုင်း   အရေးပေါ် အခြေအနေကြေညာရန်   စီစဉ်ခဲ့ သလို    အုပ်ချုပ်ရေးမှူးများကို လည်း     ကိုဗစ်-၁၉  တားဆီး ဆန့်ကျင်ရေး     ဆောင်ရွက်ချက် များကို  အရှိန်မြှင့်တင်ရန် လုပ်ပိုင် ခွင့်များလည်း ပေးထားသည်။
ဂျပန်နိုင်ငံတစ်ဝန်း   အာဏာ ပိုင်များက ဇန်နဝါရီ ၁၈ ရက်က ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ ၃၂၀၀၀ ကျော်ရှိကြောင်း အတည် ပြု ဖော်ပြခဲ့သည်။   သြဂုတ်လတွင် ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ၂၆၀၀၀ နီးပါးဖြင့်   စံချိန်တင်ခဲ့ သည်။ အိုကီနာဝါ၊ ယာမာဂူချီနှင့် ဟီရိုရှီးမားခရိုင်သုံးခုသည် ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုမြင့်တက်မှု ကို တိုက်ဖျက်ရန်   ပြင်းထန်သော ဆောင်ရွက်ချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။   တရားဝင်ဆုံးဖြတ်ချက် တစ်ခုကို   ဇန်နဝါရီ ၁၉ ရက်တွင် မကြေညာခင်   ဗဟိုအစိုးရသည် ကျွမ်းကျင်သူများနှင့်     တိုင်ပင် ဆွေးနွေးလိမ့်မည်ဖြစ်သည်။ 
တိုကျိုမြို့သည်   ဂျပန်နိုင်ငံ တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး   မြို့တစ်မြို့ဖြစ်သည်။ ဇန်နဝါရီ ၁၈ ရက်တွင်   ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအသစ်    ၅၀၀၀ ကျော် ရှိခဲ့သည်။
 ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ ၁၀၀၀၀ ကျော်ကို   နေအိမ်တွင်   သီးသန့်ခွဲခြားထားသည်။   ၎င်းတို့ တွင် ရောဂါ လက္ခဏာအပျော့စား များ      ဖြစ်ပွားလျက်ရှိခြင်း သို့မဟုတ်   လုံးဝမရှိခြင်းများကို တွေ့ရသည်။ 
ဆေးရုံများတွင်      ကိုရိုနာ ဗိုင်းရပ်စ်      လူနာများအတွက်    ဖယ်ထားသော ခုတင်   ၂၀ ရာခိုင် နှုန်းသည်လည်း    ယခုအခါတွင်   အပြည့်          ဖြစ်လျက်ရှိသည်။ တိုကျိုတွင်သာ တစ်စိတ်တစ်ပိုင်း အရေးပေါ်     အခြေအနေကိုသာ     ခွင့်ပြုလိုက်မည်ဆိုပါက စီးပွားရေး လုပ်ငန်းများ    စောစောပိတ်ထား ရမည်      သို့မဟုတ်          ဖောက်သည် များအတွက်    နေရာကန့်သတ် ချက်များ ရှိလာမည်ဖြစ်သည်။ 
အိုဆာကာတွင်        အဆိုပါ အဆင့်ကို    ကျင့်သုံးရန်   မပြော ထားရသေးကြောင်း၊   သို့သော် လည်း ကျင့်သုံးလျှင်  ကောင်းမည် လားဆိုပြီး       စဉ်းစားလျက်ရှိ ကြောင်း သိရသည်။ ၎င်းဒေသတွင် ဇန်နဝါရီ ၁၈ ရက်က  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူသစ်     ၅၄၀၀ နီးပါးရှိသည်။ 
အင်န်အိတ်ချ်ကေ