တိုးချဲ့ စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးသင့်သော ဝဥနှင့် နိုင်ငံတကာဈေးကွက်အလားအလာ

Type
၅

 

ဒေါက်တာထွေးမင်းသန့်       
 

 

ဝဥ၏ မူရင်းဒေသသည် အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသများတွင် သဘာဝ အလျောက် ပေါက်ရောက်သည်။ အဆိုပါ ဝဥသည် မျိုးရင်း Araceae ၊   မျိုးစုသည် Amorphophallus ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Amorphophallus companulatus  ဖြစ်သည်။  အင်္ဂလိပ်အမည်မှာ Elephant  Foot  Yam  (or)  White  Yam  (or) Telingo ဟု ခေါ်သည်။ ကမ္ဘာပေါ်တွင် ဝဥမျိုးစိတ် ပေါင်း ၁၃၀ ခန့်ရှိသည့်အနက် ၁၂ မျိုးခန့် ဖော်ထုတ် သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရသည်။

 


မြန်မာနိုင်ငံနှင့် ဝဥစိုက်ပျိုးမှု


မြန်မာနိုင်ငံတွင်  ဝဥပင်သည်  ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊  မွန်ပြည်နယ်၊  ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊    ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်  မကွေးတိုင်းဒေသကြီး များရှိ သစ်ရိပ်၊ ဝါးရိပ်ကောင်း၊ အစိုဓာတ်ကောင်း သည့်နေရာများတွင် သဘာဝအလျောက် အမြောက် အမြား ပေါက်ရောက်လျက်ရှိသည်။ ယခင်က သဘာဝ  အလျောက်ပေါက်ရောက်သော ဝဥများကို တူးဖော် ခဲ့ရာမှ ယခုအခါ  ပြည်ပဝယ်လိုအားကောင်းလာ သဖြင့် စိုက်ခင်းများဖြင့် စနစ်တကျစိုက်ပျိုးလာ ကြပြီး ပြည်ပတင်ပို့မှုလည်း များပြားလျက်ရှိကာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိသည်။ မြန်မာနိုင်ငံ တွင် ဒေသအလိုက် ဝဥမျိုးများ ပေါက်ရောက်ဖြစ် ထွန်းနေမှုကို လေ့လာကြည့်လျှင် ပဲခူးတိုင်းဒေသ ကြီး  သာယာဝတီနှင့်  မွန်ပြည်နယ်  မော်လမြိုင် ဒေသများမှာ Amorphophallus purpuraceans မျိုးစိတ်   ပေါက်ရောက်ပြီး  မြစ်ကြီးနား၊ ကသာ ဒေသတွင် A. bulbifer  နှင့် A. karamsis  မျိုးများ၊ သာယာဝတီမြို့နယ်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသ များတွင် A. cholorospathus မျိုးစိတ်၊ ကရင် ပြည်နယ်နှင့် တောင်တန်းဒေသများတွင် A. oneo- phyllum နှင့် A. burmaicus မျိုးစိတ်၊ ရှမ်းပြည် နယ်  တောင်ပိုင်းနှင့် မြောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး  ပြင်ဦးလွင်၊  မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်  A. campanulatus  နှင့်  A. conjak ဝဥမျိုးစိတ်များ ပေါက်ရောက်ဖြစ်ထွန်းကြောင်း သိရှိ ရပါသည်။    မြန်မာပြည်ဈေးကွက်တွင်  အရောင်း အဝယ်ပြုလုပ်နေသော ဝဥအမျိုးအစားမှာ သုံးမျိုး ခန့်ရှိပြီး   အဝါ၊   အနီနှင့်  အဖြူရောင်တို့ဖြစ်ရာ အဝါရောင်မှာ ပထမတန်းစား၊ အနီရောင်မှာ ဒုတိယ တန်းစား၊ အဖြူရောင်မှာ တတိယတန်းစားတို့ ဖြစ် ပါသည်။ 
၀ဥစိုက်ပျိုးမှုအတွက်  အသင့်လျော်ဆုံးရာသီ ဥတုအနေအထားမှာ  ဝဥသည် အပူပိုင်းဒေသသီးနှံ ဖြစ်သည်နှင့်အညီ   စိုစွတ်ပြီး ပူနွေးသောရာသီဥတု အခြေအနေ လိုအပ်သည်။  မိုးရွာသွန်းမှု  သမမျှတ ပါက   ဝဥအထွက်နှုန်း   ကောင်းစေပါသည်။   အပင် ကြီးထွားချိန်တွင်   မိုးရေချိန် ၆၀ လက်မ  ဖြန့်ကြက် ရွာသွန်းမှုကို ကြိုက်နှစ်သက်ပါသည်။  ပျမ်းမျှအပူချိန် ၂၅ ဒီဂရီမှ ၃၅ ဒီဂရီ စင်တီဂရိတ်အကြား ပူနွေး စွတ်စိုသည့် ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။  ဝဥသည်  အပူပိုင်းဒေသ မိုးများ၊    မြေနိမ့်လွင်ပြင်   သစ်တောဒေသများကို ကြိုက်နှစ်သက်ပြီး အပူချိန် နိမ့်ပြီး ပေ ၅၀၀၀ ခန့် မြင့်မားသော မိုးများသည့် ကုန်းမြင့်ဒေသများတွင်လည်း ဖြစ်ထွန်းနိုင်ပါသည်။ 

 


ဝဥစိုက်ပျိုးမည်ဆိုလျှင်


ဝဥစိုက်ပျိုးမည်ဆိုပါက မြေပြင်ခြင်းအပိုင်းတွင် အခြားသီးနှံများစိုက်သကဲ့သို့   စိုက်ပျိုးရန်  ရွေးချယ် ထားသည့်  မြေပေါ်မှ သစ်ပင်ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းကာ   ထယ်တစ်လွှာ၊    ထွန်နှစ်လွှာ ဝင်ပြီး မြေပြုပြင်ရသည်။  ထို့နောက်  စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင်ပေးရပါသည်။ ပင်ကြား၊ တန်း ကြားနှင့် တစ်ဧက အပင်အရေအတွက်အနေဖြင့် တန်းကြား လေးပေ၊ ပင်ကြားနှစ်ပေ စိုက်ပျိုးပါက တစ်ဧက ၅၄၄၅ ပင် အနည်းဆုံး ဝင်ဆံ့နိုင်အောင် စိုက်ပျိုးသင့်ပါသည်။

 


ဝဥသည် မြေသြဇာကောင်းသော အနီရောင်နှင့် ရေကောင်းစွာစီးဆင်းသောမြေတွင်    ကြီးထွားပါ သည်။ မြေဆွေးဓာတ်များပြီး အစိုဓာတ်ထိန်းအား ကောင်းသည့်  နုန်းမြေကို  နှစ်သက်ပါသည်။ ရေစီး ရေလာမကောင်းသည့်မြေ၊      ရေဝပ်သည့်မြေကို ကြိုက်နှစ်သက်မှုမရှိပါ။ မြေဆီလွှာ ချဉ်ငံဓာတ်ကိန်း pH ၅ ဒသမ ၅ မှ ၇ ဒသမ ၂ အတွင်း ကောင်းစွာ ဖြစ်ထွန်းနိုင်ပါသည်။

 


ဝဥကို စနစ်တကျစိုက်ခင်းများအဖြစ် ဧကများ စွာ    စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက   မျိုးဥများ လုံလောက်စွာရရှိအောင် စနစ်တကျစီမံဆောင်ရွက် ရန် လိုအပ်ပါသည်။ ဝဥမျိုးပွားနည်း လေးမျိုးရှိရာ ပထမနည်းမှာ ၂၀ - ၃၀ ကျပ်သားအရွယ်ရှိ ဝဥကို တိုက်ရိုက်ချပြီး စိုက်ပျိုးနိုင်ပါသည်။ အနည်းဆုံး ၂၀-  ၃၀ ကျပ်သား အရွယ်ရှိသည့် ဥများကို မျိုးဥအဖြစ် အသုံးပြုစိုက်ပျိုးမှသာ နှစ်ချင်း အသုံးပြုနိုင်သည့် ရောင်းတန်းဝင် ဥကြီးများကို  ရရှိနိုင်မည်ဖြစ်သည်။

 


ဒုတိယမျိုးပွားနည်းမှာ ဝဥအသီးခိုင်မှ ထုတ်လုပ် ရရှိသည့်     မျိုးစေ့ငယ်များကို   ပထမနှစ်အနေဖြင့် စတင်၍ ပျိုးပေါင်တွင် စိုက်ပျိုးရပါသည်။ အဆိုပါ မျိုးပင်လေးများမှ ပထမနှစ်အတွင်း မျိုးဥ အငယ် လေးများကို ရရှိပြီး ဒုတိယနှစ်တွင် ဆက်လက်၍ ပျိုးပေါင်နှင့်    စိုက်ပျိုးမှသာ    ဥပိုကြီးလာအောင် စိုက်ပျိုးထားခြင်းဖြင့် ၂၀ - ၃၀ ကျပ်သားအရွယ် မျိုးဥများကို ရလာနိုင်ကာ နောင်နှစ်တွင် မျိုးဥအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

 


တတိယအဆင့်မျိုးပွားနည်းမှာ မြေအောက်မှ ရရှိသည့် ဝဥ၏ ဥပွားများကို ခွဲယူပြီး မျိုးအဖြစ် လည်း စိုက်ပျိုးနိုင်ပါသည်။ စတုတ္ထမျိုးပွားနည်းမှာ အရွက်မှအသီး (အရွက်သီး)များကို စိုက်ပျိုးခြင်း ဖြင့်လည်း  ဝဥပျိုးပင်ကို ရရှိနိုင်ပါသည်။

 


ဝဥကို   စိုက်ခင်းတွင်   မြေချစိုက်ပျိုးခြင်းမှာ နည်းလမ်းအမျိုးမျိုးဖြင့်      စိုက်ပျိုးလျက်ရှိရာ ကျေးလက်ဒေသမှ စိုက်ပျိုးသည့်နည်းတစ်နည်းကို ဖော်ပြရမည်ဆိုပါက ဝဥမျိုးဥများကို စိုက်ပျိုးရန် စိုက်ကျင်းပြင်ရာတွင်     စိုက်ကျင်းအတွင်း   မြေမွ၊ ပေါင်းမြက်ကောက်ခြင်းပြုလုပ်ပြီး  အပေါ်ယံဝဥကို မြေဖုံးမိရုံဖုံးပြီး  စိုက်ပျိုးရပါသည်။  မြေတွင်လွန် စွာနက်အောင်မြှုပ်၍   မစိုက်ပျိုးသင့်ပါ။   မြေချ စိုက်ပျိုးခြင်းကို   မြန်မာနိုင်ငံရာသီဥတုအရ   မိုးဦး ရာသီ၊ မေလမှစတင်၍ စိုက်ပျိုးသင့်ပါသည်။

 


အပင်ပြုစုခြင်း


ဝဥ အပင်ပြုစုခြင်းမှာ  စိုက်ပျိုးထားသည့်ဝဥ အညွန့်ထွက်ကာ     မြေပေါ်အပင်ပိုင်း    ကြီးထွား လာပြီး  အမြစ်များပေါ်လာသည့်အခါ ပေါင်းသင်၊ မြေဆွ၊ ပေါင်တင်/လုံး၊ မြေဖုံးပေးရသည်။ ရေမဝပ် ရန်အတွက်   အထူးဂရုစိုက်ရန်   လိုအပ်ပါသည်။ စိုက်ခင်းတွင် အရိပ်ရပင်များမရှိပါက ၆၀ ရာခိုင်နှုန်း အရိပ်ရအောင် ပြုလုပ်ပေးသင့်ပါသည်။
ဝဥသည်      ပိုးမွှားရောဂါကျရောက်မှုကြောင့် ပျက်စီးမှု နည်းပါးပါသည်။ သို့သော်လည်း တစ်ခါ တစ်ရံ  ရွက်စားပိုးများ ကျရောက်တတ်ပါသည်။

 


ဝဥကို ဒဏ်ရာထိခိုက်မှုရှိပါက ပုပ်ရိရောဂါဝင် နိုင်သဖြင့် အပင်ပြုစုနေစဉ် ဝဥကို မထိခိုက်မိအောင် သတိထားရန်လိုပါသည်။ တစ်ခါတစ်ရံ ဝဥပင်စည် များ ထိခိုက်မိသည့်  ဒဏ်ရာအပေါက်မှ  အစေးများ ထွက်ပြီး အပင်နာနိုင်ပါသည်။ သို့ဖြစ်၍ ပင်စည် များကို  ဒဏ်ရာမရအောင်  ဂရုစိုက်သင့်ပါသည်။ ဥများဒဏ်ရာရ၍   ပုပ်စပြုချိန်တွင်   ပုပ်သီးအပိုင်း ငယ်ကလေးကို   ဇွန်းနှင့်   အပုပ်ပိုင်းကုန်အောင် ခြစ်ပစ်ပြီး မြေနှင့်လူးနယ်ဖုံးပေးလျှင် ဆက်ပြီးပုပ်ရိ ပျက်စီးခြင်းမှ  တားဆီးနိုင်မည် ဖြစ်ပါသည်။

 


တူးဖော်ခြင်းနှင့် သိုလှောင်ခြင်း


ဝဥကို နွေအကုန် မိုးဦးကျမှ စတင်စိုက်ပျိုးပြီး မိုးကုန် ဆောင်းဦးရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာလများ တွင်   မြေပေါ်ပင်ပိုင်း    ညှိုးခြောက်သွားချိန်၌ တူးဖော်ရိတ်သိမ်းရပါသည်။ ဥများ ထိခိုက်ဒဏ်ရာ မရအောင်   ဂရုစိုက်ရပါမည်။   နိုဝင်ဘာလတွင် ရိတ်သိမ်းထားသော ဝဥများကို လေဝင်လေထွက် ကောင်းသောနေရာ၌   သိမ်းဆည်းထားသင့်ပါ သည်။   တူးဖော်ပြီး  သုံးရက်ထက်  ပို၍  အခြောက် မထားသင့်ပါ။ အရိပ်ရပြီး လေဝင်/ထွက်ကောင်း သောနေရာတွင်  သိုလှောင်ထားရပါမည်။  နှစ်ရှည် ပင်များကြားတွင် ကြားသီးနှံ သီးညှပ် (Intercroppi- ng) အနေဖြင့် စိုက်ပျိုးနိုင်ပါသည်။ ပဲလွမ်းသည် ဝဥ စိုက်ပျိုးခြင်းတွင် သီးညှပ်စိုက်ပျိုးရန်အကောင်းဆုံးသီးနှံဖြစ်ပါသည်။ ဝဥသည် အရိပ်ဒဏ်ခံနိုင်မှုကြောင့် ငှက်ပျော၊  ထောပတ်၊  ကော်ဖီ၊  ရော်ဘာ၊  အုန်းပင် တို့နှင့်လည်း  တွဲ၍  စိုက်ပျိုးနိုင်ပါသည်။


ဝဥမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော စားသောက် ကုန်များ-

 

(က)    စားသောက်ကုန်များအနေဖြင့် အသင့်စား အသားတု စားကုန်များ၊ ဂျယ်လီအမျိုးမျိုး၊ ခေါက်ဆွဲအမျိုးမျိုး၊     ဂျုံမှုန့်အစားထိုး ဝဥအမှုန့်အဖြစ်အသုံးပြုခြင်း။

 


(ခ)    စက်မှုကုန်ကြမ်းအနေဖြင့် ဆေးဆိုးပန်းရိုက် လုပ်ငန်း၊ စာရေးကိရိယာများတွင် အသုံးပြု သည့် ကော်ပြုလုပ်ခြင်း။ 

 

(ဂ)    အလှကုန်ပစ္စည်းများတွင် မျက်နှာပေါင်းတင် ဆေး ကော်ရည်အဖြစ် ပြုလုပ်သုံးစွဲခြင်း။

 


(ဃ)    ဆေးဝါးထုတ်လုပ်ခြင်းအနေဖြင့် အခြောက် ခံပြီး ဝဥ (သို့) အမြစ်တွင်  Glucomannan ၄၀ ရာခိုင်နှုန်း ပါဝင်သည့်အတွက် ကိုယ် အလေးချိန်လျော့ကျစေခြင်း၊ ဝမ်းချုပ်ခြင်း၊ အဝလွန်ကဲခြင်း၊ ဆီးချိုရောဂါကုသခြင်း၊ ဆီးချိုခြေမအနာကုသခြင်း၊  သိုင်းရွိုက် ကုသခြင်း၊ သွေးတိုးရောဂါကုသခြင်း စသည့် ဆေးဝါးများ  ထုတ်လုပ်ရာတွင်  အသုံးပြု ခြင်း။

 


(င)    ဝဥအခြောက်ကို ကြိတ်ခွဲရာတွင် ဂျုံမှုန့်ကဲ့သို့ ပေါ့ပါးသည့် အမှုန့်နှင့် သကြားကဲ့သို့ လေး သည့် (Man-Non)  မန်နန်ပွင့်များရရှိပြီး  ပေါ့ပါးသည့် ဝဥအမှုန့်များကို တိရစ္ဆာန် အစာအဖြစ် အသုံးပြုခြင်း။  ဂျပန်နိုင်ငံတွင် အမှုန့်ပြုလုပ်၍  ကော်ပြန့်၊  ခေါက်ဆွဲ၊ ဖိလစ်ပိုင်နိုင်ငံတွင်  ပေါင်မုန့်၊   အရက်၊ ဝိုင်ချက်လုပ်ခြင်း၊  တရုတ်နိုင်ငံတွင် အစား အစာ၊   ခေါက်ဆွဲ၊    အသားတုနှင့်   မုန့်များ ပြုလုပ်ခြင်းတို့တွင်  ထည့်သွင်းအသုံးပြု ကြပြီး ကိုလက်စထရောကျဆေး၊ အဆီကျ ဆေးများ   ဖော်စပ်ရာတွင်လည်း   ဆေးဝါး အဖြစ် အသုံးပြုကြသည်။

 


ဝဥစားသုံးခြင်းနှင့် ကျန်းမာရေးအတွက် အသုံးဝင်ပုံ


ဝဥ၏ ရေတွင်ပျော်ဝင်နိုင်သော အမျှင်ဓာတ် သည်     အစာခြေစနစ်ကို    အထောက်အကူပြုပါသည်။
ဝဥတွင်ပါဝင်သော   glucomannan  ဓာတ်သည် ကိုယ်တွင်းသကြားဓာတ် ပမာဏကို  ထိန်းညှိပေး နိုင်ပြီး   ဆီးချိုရောဂါမဖြစ်အောင်  ကူညီကာကွယ် ပေးပါသည်။     ဝဥသည်      အစာခြေစနစ်ကို အားကောင်းစေသည့်အတွက် အစားအသောက်များ ထဲမှ အာဟာရများ သတ္တုဓာတ်များကို ကောင်းစွာ စုပ်ယူနိုင်ရန် ကူညီပေးပါသည်။ ဝဥစားသုံးခြင်းဖြင့် ဗက်တီးရီးယားများအား   တိုက်ဖျက်နိုင်သည့် သတ္တိနှင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ ပါဝင် သောကြောင့်  ကိုယ်ခံအားစနစ်ကို  မြှင့်တင်ပေး နိုင်ပါသည်။ အအေးမိတုပ်ကွေးကဲ့သို့ သာမန်ဖျားနာ ရောဂါမျိုးကို  တိုက်ထုတ်ရာတွင်လည်း  ကူညီနိုင် ပါသည်။   သွေးတိုးခြင်း၊   သွေးပေါင်ကျခြင်းများ အတွက်   ဝဥကို   ဓာတ်စာအဖြစ်   စားသုံးပေးနိုင် ပါသည်။ ဝဥသည် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကို     ကူညီထောက်ပံ့ပေးနိုင်ပါ သည်။ ဝဥ၏ အခြားကောင်းကျိုးတစ်မျိုးမှာ မျက်စိ နာ ခြင်းကို   တွန်းလှန်နိုင်ပြီး၊  မျက်စိအာရုံကြောနှင့် အမြင်အာရုံကို  ကောင်းမွန်အောင် ထိန်းပေးနိုင် ပါသည်။ ဝဥသည် ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင် သဖြင့် လေ့ကျင့်ခန်းများ အပြင်းအထန်လုပ်ဆောင် စရာမလိုဘဲ သာမန်မျှလုပ်ရုံဖြင့် ခန္ဓာကိုယ်အလေး ချိန်ကို လျော့ကျစေနိုင်ပါသည်။  ဝဥတွင်  ရောင်ရမ်း ခြင်းကိုသက်သာစေသော  ဓာတ်ပစ္စည်းများ     ပါဝင် သည့်အတွက်    အရိုးအဆစ်နှင့်ပတ်သက်သည့် ရောဂါများကိုလည်း    ကာကွယ်ပေးနိုင်ပါသည်။ ဝဥကို အဆီကျ မြန်စေရန်နှင့်  အစာစားချင်စိတ်ကို ထိန်းချုပ်ရာတွင်   ကူညီပေးနိုင်ရန်အတွက်လည်း    စားသုံးပေးနိုင်ပါသည်။ 

 


ပြည်တွင်း ဝဥစိုက်ပျိုးထုတ်လုပ်မှု အခြေအနေ


မြန်မာနိုင်ငံ၌    ဝဥကို    ချင်းပြည်နယ်တွင် အများဆုံးနှင့်    စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်လျက် ရှိပြီး အခြားသောပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရသည်။ ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဧက ၁၃၀၀၀ ကျော် စိုက်ပျိုးထား ပြီး အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် ချင်းပြည် နယ်၌ ဝဥစိုက်ဧက စုစုပေါင်း ၈၈၄၈ ဧက စိုက်ပျိုး လျက်ရှိကြောင်း  သိရှိရသည်။  တိုင်းဒေသကြီး/ပြည်နယ်အလိုက် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ မှာ အောက်ပါအတိုင်းဖြစ်သည်။

 


ဝဥအများဆုံး   စိုက်ပျိုးထုတ်လုပ်သည့်ချင်းပြည် နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝဥစိုက်ဧက စုစုပေါင်းမှာ ၈၈၄၈ ဧကရှိသည့်အနက် အများဆုံးစိုက်ပျိုးသည့်မြို့နယ်များမှာ       ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ်တွင် ၃၁၉၀ ဧက၊ မတူပီမြို့နယ်တွင် ၁၇၂၁ ဧက၊ ရေဇွာမြို့နယ်တွင် ၁၁၉၁ ဧက၊ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန် မြို့နယ်တွင် ၇၁၁ ဧက နှင့် ကျန်မြို့နယ်များတွင် ဧက ၁၉၀၀ ခန့်စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

 


ပြည်တွင်း၊   ပြည်ပဈေးကွက်နှင့်
အလားအလာ ကောင်းများ


မြန်မာနိုင်ငံမှထွက်ရှိသည့် ဝဥများကို ၁၉၇၂ ခုနှစ်မှစတင်၍ ပြည်ပနိုင်ငံများက စိတ်ဝင်စားခဲ့ပြီး ဂျပန်နိုင်ငံမှ ဝဥစိုက်ပျိုးရေးပညာရှင်များက မြန်မာ နိုင်ငံသို့လာရောက်ကာ  မြန်မာဝဥများကို  စစ်ဆေး ကြည့်ရှုခဲ့ရာ မြန်မာနိုင်ငံမှ ဝဥသည် အင်ဒိုနီးရှား နိုင်ငံမှ Dry Chip ပြုလုပ်၍ ၎င်းတို့ ဝယ်ယူသော ဝဥများထက် အရည်အသွေးကောင်းမွန်ကြောင်း သိရှိခဲ့သည့်အတွက် ဂျပန်နိုင်ငံက ယနေ့တိုင် မြန်မာ နိုင်ငံထွက် ဝဥများကို ဝယ်ယူနေကြောင်း သိရှိရ သည်။ မြန်မာနိုင်ငံထွက် ဝဥများကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က အဓိကဝယ်ယူနေပြီး တရုတ်နိုင်ငံ သို့တင်ပို့သည့်     ဝဥများကို     မန္တလေးဈေးကွက်သို့ လည်းကောင်း၊    ဂျပန်သို့     တင်ပို့မည့်ဝဥများကို ရန်ကုန်ဈေးကွက်သို့လည်းကောင်း တင်ပို့ရောင်းချ ရကြောင်း   သိရှိရသည်။   ဝဥတွင်   ကျန်းမာရေး ကောင်းကျိုးများနှင့်   အသုံးချမှု   အများအပြား ရှိသော်လည်း မြန်မာနိုင်ငံ၌ သုံးစွဲမှုမများသေး သည်ကို တွေ့ရှိရသည်။ ပြည်ပတင်ပို့မှုတွင် တရုတ် သို့ ၈၅ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံသို့ ၁၅ ရာခိုင်နှုန်း အသီးသီး တင်ပို့လျက်ရှိသည်။

 


ချင်းပြည်နယ်ထွက်ဝဥသည် အခြားဒေသတွင် ထွက်သောဝဥထက် အရည်အသွေး၊ အရသာပိုမို ကောင်းမွန်ကြောင်း    သိရှိရသည်။   ဝဥများကို မန္တလေးမြို့နှင့် မူဆယ်မြို့များသို့ တင်ပို့ရောင်းချကြ သည့်အပြင် အိန္ဒိယ၊ ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှ ဝယ်ယူလျက်ရှိသော ဝဥအခြောက်မှုန့်ကို     မင်းတပ်မြို့နယ်အတွင်း ကျေးရွာများမှ ကုန်ကြမ်းဝယ်ယူ၍  အမှုန့်ပြုလုပ်တင်ပို့လျက်ရှိသည်။     မြန်မာနိုင်ငံဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်နေသော  ဝဥအမျိုးအစား မှာ သုံးမျိုးရှိပြီး အနီ၊ အဝါနှင့် အဖြူရောင်တို့ဖြစ်ကာ အနီရောင်မှာ ပထမတန်းစား၊ အဝါရောင်မှာ ဒုတိယ တန်းစားနှင့် အဖြူရောင်မှာ  တတိယတန်းစားတို့ ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်ဒေသအတွင်း တွင် ယခင်နှစ်များ၌ ဝဥအစို တစ်ပိဿာလျှင် ကျပ် ၆၀၀ မှ ၁၀၀၀ သာရရှိကြပြီး ယခုနှစ် တစ်ရာသီ လုံး အစိုတစ်ပိဿာလျှင် ကျပ် ၁၀၀၀ မှ ၂၀၀၀ နှင့် ဝဥအခြောက်   တစ်ပိဿာလျှင်  ကျပ် ၉၀၀၀ မှ ၁၂၀၀၀ ရရှိကြောင်း သိရှိရသည်။

 


ဂျပန်နိုင်ငံအနေဖြင့်   အရည်အသွေးပိုင်းတွင် သေချာစစ်ဆေးပြီး  တရုတ်နိုင်ငံထက်  ဈေးပိုပေး ကြောင်း  သိရှိရသည်။   သို့သော်   ချင်းပြည်နယ်မှ ဝဥစိုက်တောင်သူများသည်   မိရိုးဖလာအတိုင်း သိုလှောင် သိမ်းဆည်းထားသဖြင့် အရည်အသွေး ပိုင်းတွင် အားနည်းမှုများဖြစ်ပေါ်ကာ လိုသလောက် မရောင်းချနိုင်ကြောင်းလည်း      သိရှိရသည်။  ထို့  ကြောင့်     အခြောက်ခံသိုလှောင်မှုအား  စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ချင်းပြည်နယ်  မင်းတပ် မြို့နယ်တွင် ဝဥအခြောက်ခံ ပြုပြင်ထုတ်လုပ်သည့် စက်ရုံကို  တည်ဆောက်လျက်ရှိကြောင်း  သိရှိရ သည်။  အဆိုပါစက်ရုံအား  အောက်တိုဘာလမှ မတ်လအထိ ခြောက်လကြာ  လည်ပတ်မည်ဖြစ်ပြီး ဝဥတန်ချိန် ၅၀၀ ကျော် အခြောက်ခံနိုင်မည်ဖြစ် သည်။ ဝဥအခြောက်ခံစက်အနေဖြင့် ချင်းပြည်နယ် မတူပီမြို့နယ်၌        အခြောက်ခံစက်တစ်လုံး၊ ကန်ပက်လက်မြို့နယ်တွင် ဂျာမနီနှင့် တရုတ်နိုင်ငံ ထုတ် အခြောက်ခံစက်နှစ်လုံး အသီးသီးဆောက်လုပ် ၍ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အရည် အသွေးပိုင်းကို စနစ်တကျပြုလုပ်၍ ထုတ်လုပ်မှ သာလျှင် ရေရှည်ဈေးကွက် ခိုင်မာနိုင်မည်ဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိအချိန်တွင်    ဝဥတင်ပို့မှု အတွက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ နိုင်ငံတို့အား မက်ထရစ်တန် ၂၄၀ အထိ အခွန် ကင်းလွတ်ခွင့်ပေးထားပြီး ခွင့်ပြုတန်ချိန် ခွဲတမ်း ကျော်သွားပါက တစ်တန်လျှင်၂၉ ဒေါ်လာ အခွန် ကောက်ကြောင်း သိရှိရသည်။ အဆိုပါ လေးနိုင်ငံ တွင်   မြန်မာနိုင်ငံက ဝဥအထွက်နှုန်းများခြင်းကြောင့်  ဈေးကွက်တိုးချဲ့ရန်    အလားအလာကောင်းများ ပိုင်ဆိုင်လျက်ရှိနေသည်။

 


အကူအညီပေးမှုများလိုအပ်


ဝဥ စိုက်ပျိုးထုတ်လုပ်မှုနှင့်  ဈေးကွက်ကောင်းမွန် ရန်အတွက်  အသင်းအဖွဲ့၊ အစုအဖွဲ့များဖြင့် စုပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။     ပို့ကုန်အလား အလာရှိသော ဝဥ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် အောင်မြင်လာစေရန်အတွက် ဝဥစိုက်ပျိုးထုတ်လုပ် မှုနည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ သွင်းအားစု များ၊ စိုက်ဧကတိုးချဲ့နိုင်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များ  စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းမြှင့်တင် ရေးအတွက် ဘက်ပေါင်းစုံမှ အကူအညီပေးမှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ဝဥကို လက်ရှိ အခြေအနေတွင်  ဝဥခြောက်ကုန်ကြမ်းအဖြစ်သာ တင်ပို့နိုင်ပြီး  အမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြား ခြင်းတို့ကဲ့သို့ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ် ပါသည်။  နည်းပညာအားနည်းမှု၊  ရင်းနှီးမြှုပ်နှံမှု၊ စိုက်ဧကတိုးချဲ့နိုင်မှု အခက်အခဲများကြောင့် အလား အလာကောင်းသော     သီးနှံထုတ်လုပ်မှုဖြစ်သော် လည်း ပို့ကုန်မြှင့်တင်နိုင်မှုအနေဖြင့်  အားနည်းနေ သေးကြောင်း သိရှိရပါသည်။

 


ပြည်တွင်းဈေးကွက်ခိုင်မာစေရန် ပြည်တွင်းစားသုံးမှုများပြားလာအောင်လုပ်ဆောင်ရန် လိုအပ် ပါသည်။   ပြည်တွင်းစားသုံးမှု   များလာခြင်းသည် စိုက်ပျိုးထုတ်လုပ်မှု   ရေရှည်တည်တံ့ရေးအတွက် အထောက်အပံ့ကောင်းတစ်ရပ်ပင်ဖြစ်ရာ စားသုံးမှု များလာအောင် ဆောင်ရွက်ကြရပေမည်။ ဝဥမှုန့်၊ ဝဥတုံ၊ အသားတု၊ yam chip၊ ဆေးဝါး စသည်တို့ကို ထုတ်လုပ်၍   ပြည်တွင်းဈေးကွက်   ဖန်တီးရမည် ဖြစ်သည်။ ထို့ပြင် အခြားသော လူသုံးကုန်ပစ္စည်းများ၊ အလှကုန်များ စသဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်သည်အထိ  ပြုလုပ်ဆောင်ရွက် သင့်ပါသည်။ ဂျပန်နှင့် တရုတ်နိုင်ငံမှ ဝယ်လိုအား ကောင်းသော ဝဥကို အရည်အသွေးမြင့် နိုင်ငံခြား ပို့ကုန်အဖြစ် တင်ပို့နိုင်ရန် အစိုးရဌာနများ၊ အသင်း အဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် အစီအစဉ်များ ချမှတ်ကာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်တွင်းကုန်သွယ်မှု    ဖွံ့ဖြိုးလာရေးတို့အတွက် ပြည်ထောင်စုအစိုးရ၊    တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၊    အသင်းအဖွဲ့များနှင့်    ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအမံများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနလက်အောက်ရှိ  စားသုံးသူရေးရာ ဦးစီးဌာနတွင် ထုတ်ပြန်ပေးရန်စီစဉ်ခြင်း၊ ဈေးကွက် ဝင်သီးနှံများ          တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် သီးနှံအလိုက် အသင်းအဖွဲ့များ၊ အစုအဖွဲ့ များ၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုဇုန်များ တိုးချဲ့ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက်    ချင်းပြည်နယ်ရှိ  ဝဥ  စိုက်ပျိုးထုတ်လုပ်ရေးအစုအဖွဲ့နှင့် ချိတ်ဆက်ခြင်း၊ ပြည်တွင်းကုန်သွယ်မှု တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ စွန့်ဦး တီထွင်   ဆောင်ရွက်လိုသူများကို   တိုးချဲ့စည်းရုံး ဖွဲ့စည်းပြီး (Private Public Partnership) ကို အကောင်အထည်ဖော်ဆောင်နိုင်ရေး       ကြိုးပမ်း ဆောင်ရွက်ခြင်း၊   Contract Farming စနစ်များ ဖြစ်ထွန်းအောင်မြင်လာစေရေး စည်းရုံးဆောင်ရွက် ခြင်း၊    ဈေးကွက်     ဈေးနှုန်းပိုမိုရရှိရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အားပေးမြှင့်တင်ခြင်း၊ အသေး စား၊ အလတ်စား (SMEs) စက်မှုကုန်ထုတ်လုပ်ငန်း များ     ဖွံ့ဖြိုးတိုးတက်လာရေး၊       အရင်းအနှီးရရှိရေး ပေါင်းစပ်ဆောင်ရွက်ခြင်း၊ တန်ဖိုးမြှင့် ကုန်ထုတ် လုပ်မှုနည်းပညာဆိုင်ရာ သင်တန်းပို့ချမှုများကို သက်ဆိုင်ရာဌာနအဖွဲ့၊         အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ     ပြုလုပ်ကြရမည်ဖြစ်ပါသည်။

 


ဈေးကွက်ပိုင်ဆိုင်လာနိုင်မည်


     အရည်အသွေးမြှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရန် စက်ကိရိယာအသုံးပြု၍ ဝဥရေဆေးခြင်း၊ အခွံခွာ ခြင်း၊   အပါးလွှာခြင်း၊    အခြောက်ခံခြင်းများ ဆောင်ရွက်နေပြီဖြစ်သော်လည်း   အမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြားခြင်းဖြင့်   တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရန်   ပေါင်းစပ်ညှိနှိုင်းခြင်း၊   စိုက်ပျိုး ထုတ်လုပ်သူများ၊  ကုန်သည်များ၊  ဌာနဆိုင်ရာများ၊ တန်ဖိုးမြှင့်ထုတ်လုပ်သည့်   လုပ်ငန်းရှင်များ   ပါဝင် သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း စသည် တို့ကို  ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပို့ကုန် မြှင့်တင်ရေး အလားအလာကောင်းသော ဈေးကွက် အကြိုက် အရည်အသွေးမီထုတ်ကုန်များ၊ စိုက်ပျိုး သီးနှံထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်သက်ဆိုင်သူများအားလုံးမှ  စုပေါင်းဆောင် ရွက်ကြမည်ဆိုလျှင် ကမ္ဘာ့ဝဥဈေးကွက်တွင် မြန်မာ နိုင်ငံထွက် ဝဥများ နေရာရကာ ဈေးကွက်ပိုင်ဆိုင်လာနိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက် ရပါသည်။


ကိုးကား


၁။ ပြည်ပဝင်ငွေတိုးဖို့ ဝဥ စိုက်ပျိုးနည်း၊ ၂၀၁၉၊ ဒီဇင်ဘာ (၄)၊ https://htwettoe.com/article-details/education/8093914
၂။ ၀ဥစိုက်ပျိုးနည်း,  Published  on  27-Jan-2021 https://shwe.net/news/how-to-plant/ 6744.html
၃။ ၀ဥ၏ ကျန်းမာရေးအတွက်အသုံးဝင်ပုံ Posted on February 6, 2019 March 12, 2019 
    http://shangyimm.com/archives/12175
၄။    မြန်မာ့ဝဥ ထုတ်လုပ်ရေးမှသည် ဈေးကွက် ခိုင်မာရေးဆီသို့။ https://www.commerce.gov.mm/my/article
၅။    ဝဥ     စိုက်ပျိုးထုတ်လုပ်မှု    လက်စွဲစာစောင်၊ ကျော်ဆွေလင်း, လင်းလင်းသီ၊ ၂၀၁၈ (ပထမ အကြိမ်)။