နေပြည်တော် ဇွန် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြီးမှူး၍ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ကို နေပြည်တော် တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၌ ဇွန် ၇ ရက်က ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ဌာနအနေဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံချက်အရ မွေးမြူရေးဇုန်များ စနစ်တကျ အကောင် အထည်ဖော်ပြီး မွေးမြူထုတ်လုပ်ရေး၊ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် များ၏ စီးပွားဖြစ် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်ပိုင်တစ်နိုင် လွှတ်ကျောင်းမွေးမြူသောစနစ်မှ တိရစ္ဆာန်အစာပင်များ စိုက်ပျိုး၍ ခြံလှောင်မွေးစနစ် ကျင့်သုံးလာစေရေး၊ အစုအဖွဲ့ဖြင့် မွေးမြူ ထုတ်လုပ်ပြီး ဈေးကွက်ခိုင်မာအောင် တည်ဆောက်ခြင်းစသည့် လုပ်ငန်း စီမံချက်များဖြင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိရာ မွေးမြူထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ကျေးရွာ များအရောက် ပိုမိုထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်အတွက် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ် ကြောင်း၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအနေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့ ရပ်ရွာဒေသရှိ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများတိုးတက်အောင် ကြိုးပမ်းစေလိုကြောင်း အမှာစကားပြောကြား၍ တက်ရောက်လာသော သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
အဆိုပါသင်တန်းကို သင်တန်းကာလငါးလကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ နေပြည်တော်အတွင်းရှိ မြို့နယ် အသီးသီးမှ သင်တန်းသား ၁၁၂ ဦး တက်ရောက်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)



