တီဘီရောဂါသည် ဆေးပုံမှန်သောက်ပါက ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည့်အတွက် တီဘီရောဂါဖြစ်ပွားသူများ တစ်ယောက်မှ မကျန်ရှိစေရေး ရောဂါစမ်းသပ်စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

 

နေပြည်တော်  သြဂုတ်  ၂၉


အမျိုးသားတီဘီရောဂါတိုက်ဖျက် ရေးစီမံကိန်း၏     နှစ်ပတ်လည် လုပ်ငန်း     ဆန်းစစ်ဆွေးနွေးပွဲ (၂၀၂၂)      ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျန်းမာ ရေးဦးစီးဌာန၌       ကျင်းပရာ ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ သက်ခိုင်ဝင်း        တက်ရောက် အမှာစကား ပြောကြားသည်။


ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာ ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊    ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်   ကုသ ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊     တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူးများ၊    ဆေးရုံအုပ်ကြီး များ၊   ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၂) တပ်မတော်ဆေးရုံကြီး      ခုတင် (၁၀၀၀)နှင့်  အကျဉ်းဦးစီး ဌာနတို့မှ ဖိတ်ကြားထားသူများ၊ တီဘီရောဂါ တိုက်ဖျက်ရေးဌာန တာဝန်ခံများ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)    မှ   တာဝန်ရှိသူ များ၊      မိတ်ဖက်အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ   တက်ရောက် ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက တီဘီရောဂါသည်  မြန်မာနိုင်ငံ၏ ဦးစားပေးဖြေရှင်းရမည့်   ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်ကြောင်း၊ တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်း များအတွက်       တီဘီဆေးနှင့် ဆေးပစ္စည်းများ       ဝယ်ယူရန် နိုင်ငံတော်အစိုးရက ၂၀၂၂-၂၀၂၃ ခုနှစ်တွင်     အမေရိကန်ဒေါ်လာ ငါးသန်းနှင့်  ၂၀၂၃-၂၀၂၄ ခုနှစ် တွင် အမေရိကန်ဒေါ်လာ  ၄ ဒသမ ၅ သန်း ခွဲဝေချထားကြောင်း။


ပြည်သူ့ကျန်းမာရေး    ဦးစီး ဌာနသည်    ပြည်တွင်း၊   ပြည်ပ မိတ်ဖက်      အဖွဲ့အစည်းများနှင့်  ပူးပေါင်းပြီး တီဘီရောဂါတိုက်ဖျက် ရေးလုပ်ငန်းများကို    အမျိုးသား မဟာဗျူဟာစီမံကိန်း (National Strategic Plan)    ၂၀၂၁-၂၀၂၅ နှင့်အညီ    ဆောင်ရွက်လျက်ရှိပြီး ပန်းတိုင်ပြည့်မီအောင်    ကြိုးစား ဆောင်ရွက်လျက်     ရှိကြောင်း၊ မြန်မာနိုင်ငံတွင်   (၂၀၂၂)   ခုနှစ် နှစ်ချုပ်အစီရင်ခံစာများအရ တီဘီ ဆေးကုသမှု  အောင်မြင်နှုန်း  ၈၇ ရာခိုင်နှုန်း၊    တီဘီ/အိပ်ချ်အိုင်ဗွီ ဒွန်တွဲလူနာများ၏    တီဘီဆေး ကုသမှုအောင်မြင်နှုန်း ၇၅ ရာခိုင် နှုန်း ရရှိခဲ့ကြောင်း၊    ဆေးယဉ်ပါး တီဘီ ဆေးကုသမှု အောင်မြင်နှုန်း ၇၆ ရာခိုင်နှုန်းနှင့်    တီဘီရောဂါ သည်     ဆေးပုံမှန်သောက်ပါက ပျောက်ကင်းနိုင်သည့်  ရောဂါဖြစ် သည့်အတွက်  တီဘီရောဂါဖြစ်ပွား သူများတစ်ယောက်မှ  မကျန်ရှိ စေရေး  ရောဂါစမ်းသပ်စစ်ဆေးမှု များကို      အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်၍ များများရှာ၊ မြန်မြန် ကုပြီး     ရောဂါကူးဆက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။


အကြံပြုဆွေးနွေး


ထို့နောက်   ညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က    တီဘီ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍    လည်းကောင်း၊ ပိုးမွှားဗေဒ အထူးကုဆရာဝန်ကြီး ဒေါက်တာ   ဝင့်ဝင့်ညွန့်က   တီဘီ ရောဂါရှာဖွေခြင်းဆိုင်ရာ   ဓာတ်ခွဲ လုပ်ငန်းများ    ဆောင်ရွက်နေမှု များနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြပြီး  တက်ရောက် လာသူများက   ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်