
ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ်၊ ရုပ်ရှင်ဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၁၃၊ ပုဒ်မ ၃၃ နှင့် ၁၉၉၆ ခုနှစ်၊ ရုပ်မြင်သံကြား နှင့်ဗီဒီယိုဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၂၄၊ ပုဒ်မ ၃၂၊ ပုဒ်မ ၃၆ တို့အရ ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ မှတ်တမ်းကား၊ မော်ကွန်း တင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား၊ တေးသီချင်း၊ ကြော်ငြာတို့ကို ချမှတ်ထား သော မူဝါဒများနှင့်ညီညွတ်မှု ရှိ မရှိ ကြည့်ရှု စစ်ဆေးခြင်း၊ ဖြတ်တောက်ခြင်း၊ ပြုပြင်ခြင်း၊ ခွင့်ပြုခြင်းများဆောင်ရွက်လျက်ရှိပြီး ပြဋ္ဌာန်း ချက်များအား လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိပါသည်။
ယခုအခါ အချို့သော တေးသီချင်း ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ် ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ ယဉ်ကျေးမှုနှင့်ဖီလာဆန့်ကျင်ပြီး မောင်နှမ သားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုရန် ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရား ကင်းမဲ့သော တေးသီချင်းများကို လူမှု ကွန်ရက်စာမျက်နှာများတွင် ရိုက်ကူး ထုတ်လွှင့်နေကြောင်း တွေ့ရှိရပါသဖြင့် အဆိုပါ ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို နိုင်ငံပိုင်သတင်းစာများတွင် သတိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တေးသီချင်းများကို အရုပ်နှင့် အသံထွက်ပေါ်စေလျက် နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက် ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့်ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့ တင်ပြပြီး စစ်ဆေးခွင့်ပြု ချက် ရယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှင့် ထိုကဲ့သို့ တင်ပြခြင်းမရှိဘဲ ထုတ်လွှင့် ပြသခြင်းများ ဆောင်ရွက်မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေး ကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန