တောင်သူများအတွက် မတ်လ (ပထမ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ။     ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်    လေဖိအားနည်း   ရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင်    တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊  ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်သည်။ 
မိုးရွာသွန်းမှုအခြေအနေ။      ။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီး၊    ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊   ကယားပြည်နယ်၊   ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်သည်။
အမြင့်ဆုံးအပူချိန်အခြေအနေ။      ။ ချင်းပြည်နယ်နှင့်   ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင်   ၇၁ ဒီဂရီဖာရင်ဟိုက်မှ  ၈၀   ဒီဂရီဖာရင်ဟိုက် အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်   (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊   ရခိုင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့တွင်  ၈၁ ဒီဂရီဖာရင်ဟိုက်မှ  ၉၁  ဒီဂရီဖာရင်ဟိုက်အတွင်း နှင့်    စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊     မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ၉၂ ဒီဂရီဖာရင်ဟိုက်မှ     ၁၀၂  ဒီဂရီဖာရင်ဟိုက် အတွင်း ရှိနိုင်သည်။ 
အနိမ့်ဆုံးအပူချိန်အခြေအနေ။     ။   ချင်းပြည်နယ်တွင် ၃၇ ဒီဂရီဖာရင် ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်   ကယားပြည်နယ် တို့တွင်    ၅၃  ဒီဂရီဖာရင်ဟိုက်မှ   ၆၃   ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊     ရန်ကုန်တိုင်းဒေသကြီး၊     ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ကရင်ပြည်နယ်နှင့်   မွန်ပြည်နယ်တို့တွင် ၆၄ ဒီဂရီဖာရင်ဟိုက်မှ  ၇၃ ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်သည်။
လေထုစိုထိုင်းဆအခြေအနေ။     ။ မန္တလေးတိုင်းဒေသကြီး၊    ရန်ကုန် တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် ၄၅ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းအတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေး တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ၅၆ ရာခိုင်နှုန်းမှ ၆၆ ရာခိုင်နှုန်း အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊         ကချင်ပြည်နယ်၊     ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် ၆၇ ရာခိုင်နှုန်းမှ ၇၇ ရာခိုင်နှုန်းအတွင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ၇၈ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်း အတွင်း အသီးသီးရှိနိုင်သည်။ 
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ။     ။        စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊        ရခိုင်ပြည်နယ်နှင့်      ကယားပြည်နယ်တို့တွင်      (၃၁ မီလီမီတာ) မှ (၄၁ မီလီမီတာ) အတွင်း၊  စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း နှင့်  တောင်ပိုင်း)၊     တနင်္သာရီတိုင်းဒေသကြီး၊    ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄၂ မီလီမီတာ) မှ (၅၂ မီလီမီတာ) အတွင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းနှင့် ရန်ကုန် တိုင်းဒေသကြီးတို့တွင် (၅၃ မီလီမီတာ) မှ (၆၃ မီလီမီတာ) အတွင်း အသီးသီးရှိနိုင်သည်။  
မြေဆီလွှာအောင်းရေအခြေအနေ။  ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊   ကရင်ပြည်နယ်နှင့်    မွန်ပြည်နယ်တို့တွင်     (ခြောက်သွေ့)အခြေအနေ အသီးသီးရှိနိုင်သည်။
(မိုး/ဇလ)