တောင်သူများ ချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင် စီးပွားဖြစ်တွက်ခြေကိုက်ပြီး အရည်အသွေးနှင့်အထွက်နှုန်းရရှိအောင် ဆောင်ရွက်

 

 

နေပြည်တော်   ဇွန်   ၉


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦးသည် ဇွန် ၈ ရက် နံနက်ပိုင်းက   ရှမ်းပြည်နယ်၏  လယ်ယာကဏ္ဍ ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ 

 


ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်    လှိုင်းတက်ကျေးရွာရှိ  ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံဖွံ့ဖြိုးရေးဌာန  (VFDC)သို့ ရောက်ရှိကြပြီး   ပြည်ထောင်စုဝန်ကြီးက တောင်သူ များ ဝင်ငွေအကျိုးအမြတ်ပိုမိုရရှိစေမည့်  တန်ဖိုးမြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးများ နည်းပညာ ဖြန့်ဖြူးပေးနိုင်ရေး၊ ပညာရှင်ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သုတေသနပြုတွေ့ရှိချက်များကို  စာတမ်း နှင့် မှတ်တမ်းများစနစ်တကျပြုစုသည့် အလေ့အကျင့် ကောင်း   ဆောင်ရွက်ရေး၊   အများပြည်သူအတွက် နည်းပညာရပ်ဆိုင်ရာ စာအုပ်စာစောင် ထုတ်နိုင်ရေး ကြိုးပမ်းရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် အောင်သာကျေးရွာအုပ်စု မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက ၂၅၀  စံပြကွက်တွင် မျိုးစေ့ထုတ် အကျိုးဆောင် တောင်သူများနှင့်တွေ့ဆုံ၍  တောင်သူ များ၏    ချည်မျှင်ရှည်ဝါ   မျိုးသန့်မျိုးပွား   စိုက်ပျိုး ထုတ်လုပ်မှု အတွေ့အကြုံများ၊  ဌာနက ထုတ်လုပ်ပေး လိုက်သည့် ဆင့်ပွားမိဘမျိုးစေ့မှ  အဆင့်ဆင့်မျိုးပွား ထုတ်လုပ်သည့်    မျိုးစေ့စီးဆင်းမှု    မှန်ကန်ရေး၊ ထိရောက်သော  မျိုးသန့်မျိုးပွား  မျိုးဖြန့်မှုလုပ်ငန်း ပီပြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ မျိုးစေ့ထုတ် တောင်သူများ    အကျိုးအမြတ်   သေချာစေရေးနှင့် စီးပွားဖြစ်စိုက်ပျိုးရန်  ထုတ်လုပ်လိုက်သည့်မျိုးစေ့ကို အသုံးပြု၍   ချည်မျှင်ရှည်ဝါ   စိုက်ပျိုးရာတွင်လည်း တွက်ခြေကိုက်သည့်  အရည်အသွေးနှင့် အထွက်နှုန်း ရရှိမှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ မေးမြန်း ဆွေးနွေးပြီး တောင်သူများ၏ လိုအပ်ချက်၊ တင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 


ထိုမှတစ်ဆင့်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ရှိ  မွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ(သဖန်းခြံ)သို့      ရောက်ရှိကြပြီး မျိုးထိန်းခြင်း၊  ဆိတ်နှင့်  သိုးမျိုးရင်းထိန်း မျိုးပွားခြင်း၊ မျိုးကောင်းမျိုးသန့်ထုတ်ခြင်းနှင့်  အသုံးချသုတေသန လုပ်ငန်းများ  ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး ပြီး ဒေသနှင့်ကိုက်ညီသည့်  တိရစ္ဆာန်အစာပင်များ ဆိုင်ရာ သုတေသနဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဘောစကိုင်းနှင့်အလားတူ  စိုက်ပျိုးရလွယ်ကူသည့် တိရစ္ဆာန်ဖြည့်စွက်အစာပင်များ    စိုက်ပျိုးသုံးစွဲမှု ဆိုင်ရာများ၊  တိရစ္ဆာန် အစာပင် စိုက်ပျိုးကျွေးမွေးမှု ကျယ်ပြန့်လာရေးအတွက်       တောင်သူကိုယ်တိုင် မျိုးချန်မျိုးပွား  စိုက်ပျိုးနိုင်သည့်   သီးနှံမျိုးများကို မျိုးပွားဖြန့်ဖြူးပေးရန်  လိုအပ်ချက်များအား  တာဝန် ရှိသူများကို ဆွေးနွေးမှာကြားကာ   မွေးမြူရေးအသုံးချ သုတေသနနှင့်   မျိုးထိန်းမျိုးပွားခြံ  (သဖန်းခြံ)  ၏ မွေးမြူရေးလုပ်ငန်းနှင့် တိရစ္ဆာန်အစာပင် စိုက်ပျိုးရေး လုပ်ငန်းများတွင်  အသုံးပြုရန်  ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။        
              

သတင်းစဉ်