တောင်သာမြို့နယ် ဘိုးဘွားရိပ်သာဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံအတွက် အလှူရှင်များက မီးစက်လှူဒါန်း

 

နေပြည်တော်   အောက်တိုဘာ  ၂၃


ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့်    သီးသန့် စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင် အိုးများ၊  ရောဂါကာကွယ်ရေး     အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။

 


ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်    မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဘိုးဘွားရိပ်သာဝင်းအတွင်း၌ တည်ဆောက်ပြီးစီး ခဲ့သည့် အများပိုင်အောက်ဆီဂျင်စက်ရုံတွင်   လျှပ်စစ်ပြတ်တောက် သည့်အချိန်၌ အဆင်ပြေချောမွေ့စွာ လည်ပတ်အသုံးပြုရန်အတွက် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ်သိန်း ၄၅၀  တန်ဖိုးရှိ  မီးစက် တစ်လုံးကို အလှူရှင်များက လာရောက်လှူဒါန်းရာ စက်ရုံမှ တာဝန် ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့၌ တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ ဝင်အိုး ၈၀ ထွက်ရှိသည့်   အောက်ဆီဂျင် ထုတ်လုပ်သည့်စက် စမ်းသပ်လည်ပတ်နေမှုကို  ယနေ့တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း   သတင်းရရှိ သည်။                                                                      

သတင်းစဉ်