တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး

 

နေပြည်တော်   ဇန်နဝါရီ   ၇


တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေး ငယ်များ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း ကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်  အေးချမ်းဖြိုးခန်းမ၌   ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 


အဆိုပါ   ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် နှစ်နှစ်အောက်   ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ /     တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင်   နယ်မြေခံတပ်မတော် ဆေးရုံမှ ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြု များက     ကိုယ်ဝန်ဆောင်မိခင်   ခုနစ်ဦးနှင့် ကလေးငယ် ၄၁ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်   ငါးမျိုးစပ်ကာကွယ်ဆေး၊  ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးများကို ထိုးနှံ တိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်