
တောင်ငူ စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး တောင်ငူ မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားမှုဖြင့် အသက် ၁၂ နှစ်မှ အသက် ၁၈ အထိ ကျောင်းသား ကျောင်းသူများအား တတိယ အကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Booster) ထိုးနှံ ပေးခြင်း ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်း ကျောင်း ခုနစ်ကျောင်းတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဆေးထိုးအဖွဲ့ မှ တစ်ပြိုင်တည်း ထိုးနှံပေးသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှု ကာ ကျောင်းသား ကျောင်းသူများကို အားပေးစကား များ ပြောကြားပြီး စနစ်တကျထိုးနှံ နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးသည်။
တောင်ငူမြို့နယ် အတွင်း အခြေခံပညာ ကျောင်းပေါင်း ၁၉၅ ကျောင်းရှိရာ ဆေးထိုးအုပ်စုများ အလိုက် ဦးစားပေးသတ်မှတ်၍ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ် ပြီး ယနေ့အထိ ထိုးနှံပြီးစီးမှုအရ ၅၂၈ ဦး ရှိကြောင်း မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီထံမှ သိရ သည်။
ခရိုင် (ပြန်/ဆက်)