တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး

 

နေပြည်တော် ဒီဇင်ဘာ  ၃၁


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌   တက်ရောက် ကုသမှုခံယူလျက်ရှိသော  အရာရှိ၊ စစ်သည်၊  မိသားစုများနှင့် ဒေသခံ ပြည်သူများကို     ဒီဇင်ဘာ ၃၀ ရက်က တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်     တိုင်းမှူး    ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက  သွား ရောက်ကြည့်ရှု၍  တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊  ဆေးကုသပေး ထားမှုနှင့်  ကျန်းမာရေးတိုးတက်မှု အခြေအနေများကို  ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား      ပြော ကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 


ထို့နောက်    တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည်       ဆေးရုံများ အတွင်း      လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ    ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း   သတင်းရရှိ သည်။


သတင်းစဉ်