တောင်ကိုရီးယားတွင် အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားသူ ၄၄၉ ဦးအထိရှိလာ

 

 

ဆိုးလ် ဒီဇင်ဘာ ၂၈   
တောင်ကိုရီးယားနိုင်ငံတွင်  ဒီဇင်ဘာ  ၂၇  ရက်  ညသန်းခေါင်အထိ  ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက ၃၈၆၅ ဦးတိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၁၅၅၃၂ ဦးအထိ ရှိလာခဲ့သည်။ 
နေ့စဉ်     ကိုဗစ်-၁၉    ကူးစက် ဖြစ်ပွားမှုသည် ယမန်နေ့ အမြင့် ဆုံး    ကူးစက်ဖြစ်ပွားသူ   အရေ အတွက် ၄၂၀၆ ဦးထက် အနည်း ငယ်     လျော့နည်းခဲ့သော်လည်း  ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူ  ၄၀၀၀ အောက်ရောက်ရှိခဲ့သည်မှာ ၂၈ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။ 
မကြာသေးမီက     မြင့်တက် လာသော    ကိုဗစ်-၁၉    ကူးစက် ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉    အစုလိုက်   ကူးစက် ဖြစ်ပွားမှုကြောင့်        ဖြစ်ကြောင်း သိရသည်။     ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများ     အနက် ၁၂၅၄ ဦးမှာ  ဆိုးလ်ဒေသခံ များဖြစ်ကာ ၁၀၄၅ ဦးမှာ ချုံဂီ ပြည်နယ်မှဖြစ်ပြီး     ၂၃၃    ဦးမှာ  အင်ချွန်းမှဖြစ်သည်။ 
ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှု များသည်  မြို့တော်မဟုတ်သော  ဒေသတွင်လည်း      ကူးစက်ပျံ့နှံ့ လျက်ရှိပြီး မြို့တော် မဟုတ်သော ဒေသများတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ    ၁၂၄၅    ဦး သို့မဟုတ် ၃၃ ဒသမ ၀ ရာခိုင်နှုန်း ရှိလာခဲ့သည်။ 
အိုမီခရွန်       ဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၄၄၉ ဦးအထိ ရှိလာ ခဲ့ပြီး နိုင်ငံခြားကူးစက်ဖြစ်ပွားသူ  ၁၈၃   ဦးနှင့်   ပြည်တွင်းကူးစက် ဖြစ်ပွားသူ  ၂၆၆ ဦး  ဖြစ်ကြောင်း သိရသည်။       ယမန်နေ့ကထက် လေးဦးတိုးလာခဲ့သည်။  
ကိုဗစ်-၁၉     ကူးစက်ခံထား ရပြီး   စိုးရိမ်ရသော   အခြေအနေ ခံစားနေရသူ     ၁၁၀၂   ဦးအထိ တိုးလာခဲ့ပြီး      ယမန်နေ့ကထက် ၂၄ ဦး တိုးလာခဲ့သည်။   
ကိုဗစ်-၁၉  ကြောင့်  ၄၆  ဦး ထပ်မံ    သေဆုံးခဲ့သောကြောင့် စုစုပေါင်းသေဆုံးသူ   ၅၃၄၆   ဦး အထိရှိလာခဲ့ပြီး    သေဆုံးနှုန်းမှာ ၀ ဒသမ ၈၇ ရာခိုင်နှုန်းရှိသည်။ 
ဖေဖော်ဝါရီ ၂၆ ရက်တွင် အစု လိုက်  ကာကွယ်ဆေးထိုးမှုများ စတင်ပြုလုပ်ခဲ့ချိန်မှစကာ     ယခု အချိန်အထိ လူပေါင်း ၄၄၀၆၄၂၃၉ ဦး  စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၅ ဒသမ ၈  ရာခိုင်နှုန်း  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီးဖြစ်သည်။ 
ကိုဗစ်-၁၉     ကာကွယ်ဆေး အပြည့်အဝ      ထိုးနှံပြီးသူပေါင်း ၄၂၃၈၄၄၂၅   ဦး  သို့မဟုတ်    ၈၂ ဒသမ  ၅  ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပိုဆောင်း ကာကွယ်ဆေးထိုး ပြီးသူ   ၁၅၉၅၃၁၄၀  သို့မဟုတ် ၃၁ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ 
ဆင်ဟွာ