
ဆိုးလ် အောက်တိုဘာ ၂၂
တောင်ကိုရီးယား နိုင်ငံ၌ အောက်တိုဘာ ၂၁ ရက် ည သန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၄၄၀ တိုးလာ ပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်သူ ၃၄၈၉၆၉ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက် မှုသည် ယခင်ရက်များနှင့် ထူးမခြားနားဖြစ်ကြောင်း သိရ သည်။ ဇူလိုင် ၇ ရက်မှ စကာ ကိုဗစ်-၁၉ ကူးစက်သူ ၁၀၀၀ အထက် ရှိခဲ့သည်မှာ ရက်ပေါင်း ၁၀၈ ရက် ဆက်တိုက်ရှိလာပြီ ဖြစ်သည်။
မကြာသေးမီက မြင့်တက် လာသော ကိုဗစ်-၁၉ ကူးစက်မှု များသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုကြောင့် ဖြစ်ကြောင်း သိရသည်။
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၅၁၃ ဦးမှာ ဆိုးလ်ဒေသခံများ ဖြစ်ကာ ၅၁၂ ဦးမှာ ချုံဂီပြည်နယ် မှ ဖြစ်ပြီး ၁၂၀ မှာ အင်ချွန်မှဖြစ် သည်။ မြို့တော်မဟုတ်သည့် နေရာ ဒေသများတွင်လည်း ကိုဗစ်- ၁၉ ဆက်လက် ကူးစက် ပြန့်ပွားလျက်ရှိပြီး စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားသူ ၂၇၅ ဦး သို့မဟုတ် ၁၉ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။ ကိုဗစ်-၁၉ ကြောင့် ၁၆ ဦး ထပ်မံသေဆုံးခဲ့ သောကြောင့် စုစုပေါင်းသေဆုံးသူ ၂၇၂၅ ဦး အထိ ရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၇၈ ရာခိုင်နှုန်းရှိသည်။
အပြည့်အဝ နာလန်ထူလာ ပြီးနောက် သတ်မှတ်စောင့်ကြည့် စင်တာမှ ဆင်းလာသူ ၂၅၆၂ ဦး အပါအဝင် စုစုပေါင်း ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန်လာသူ ၃၂၀၃၁၇ ဦးအထိ ရှိလာပြီဖြစ် သည်။ စုစုပေါင်း ပြန်လည် ကျန်းမာလာသူနှုန်းမှာ ၉၁ ဒသမ ၇၉ ရာခိုင်နှုန်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက် ကာကွယ်ဆေးထိုးမှု များစတင်ပြုလုပ်ခဲ့ရာ ယခု အချိန်တွင် ၄၀၆၄၄၉၀၃ ဦး စုစု ပေါင်း နိုင်ငံ့လူဦးရေ၏ ၇၉ ဒသမ ၂ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီး ဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူပေါင်း ၃၅၀၀၃၇၇၈ ဦး သို့မဟုတ် ၆၈ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီ ဖြစ်သည်။
ဆင်ဟွာ