တောင်ကိုရီးယား၌ အိုမီခရွန်ဗိုင်းရပ်စ်သစ်သည် မကြာတော့သောအနာဂတ်ကာလတွင် လွှမ်းမိုးလာမည့်  အသွင်ပြောင်းဗိုင်းရပ်စ်မျိုးကွဲတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များပြော  

 

 

ဆိုးလ်   ဇန်နဝါရီ   ၁၈    
တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၁၇  ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက ၄၀၇၂ ဦး တိုးလာပြီးနောက်  စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၇၀၀၁၀၂  ဦးအထိ ရှိလာခဲ့ကြောင်း  သိရသည်။ 
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယမန် နေ့  အမြင့်ဆုံး   ကူးစက်ဖြစ်ပွားသူအရေအတွက် ၃၈၅၈  ဦးထက်   မြင့်တက်ခဲ့ပြီး  အိုမီခရွန်ဗိုင်းရပ်စ် သစ်သည် မကြာတော့သော   အနာဂတ်ကာလတွင် လွှမ်းမိုးလာမည့်       အသွင်ပြောင်းဗိုင်းရပ်စ်မျိုးကွဲ တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ကျန်းမာရေးအာဏာ ပိုင်များက ပြောသည်။ မကြာသေးမီက မြင့်တက်လာ သော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ် ဒေသ၏   ကိုဗစ်-၁၉ အစုလိုက်  ကူးစက်ဖြစ်ပွားမှု ကြောင့်ဖြစ်ကြောင်း သိရသည်။
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူများအနက် ၆၈၄ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၁၄၇၀ မှာ ချုံဂီပြည်နယ်မှဖြစ်ပြီး ၁၇၇ ဦးမှာ  အင်ချွန် မှဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၃၀၉ ဦးမှာ    ပြည်ပကူးစက်ဖြစ်ပွားသူများဖြစ်ပြီး စုစုပေါင်း   ပြည်ပကူးစက်ဖြစ်ပွားသူအရေအတွက် ၂၁၉၃၂ ဦးအထိ ရှိလာပြီဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် မြို့တော် မဟုတ်သော ဒေသတွင်လည်း ကူးစက်ပျံ့နှံ့လျက်ရှိပြီး အဆိုပါဒေသတွင်   ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွား သူ ၁၄၃၂  ဦး  သို့မဟုတ်  ၃၈ ဒသမ ၁ ရာခိုင်နှုန်းရှိလာ ခဲ့သည်။ 
ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ်ရသော အခြေအနေခံစားနေရသူ ၅၄၃ ဦးအထိ တိုးလာခဲ့ပြီး ယမန်နေ့ကထက် ၃၆ ဦးလျော့နည်းလာခဲ့သည်။   
ကိုဗစ်-၁၉ ကြောင့် ၄၅ ဦး ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်းသေဆုံးသူ ၆၃၇၈ ဦးအထိ ရှိလာခဲ့ ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၉၁ ရာခိုင်နှုန်းရှိသည်။ ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက်ကာကွယ်ဆေးထိုးမှုများစတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၄၅၀၅၂၇၆ ဦး  စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၇ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခဲ့ပြီးဖြစ်သည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီး သူပေါင်း ၄၃၅၈၂၁၂၈ ဦး သို့မဟုတ် ၈၄ ဒသမ ၉ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပိုဆောင်း  ကာကွယ်ဆေးထိုး ပြီးသူ ၂၃၇၄၁၂၀၅ သို့မဟုတ် ၄၆ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။                            ဆင်ဟွာ