တောင်ကိုရီးယား၌ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ ၁၅၁ ဦးအထိရှိ

 

ဆိုးလ်  ဒီဇင်ဘာ  ၁၇ 


တောင်ကိုရီးယားနိုင်ငံတွင်    ဒီဇင်ဘာ ၁၆ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ   လွန်ခဲ့သော ၂၄ နာရီနှင့်  နှိုင်းယှဉ်ပါက   ၇၄၃၅ ဦး တိုးလာပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ   ၅၅၁၅၅၁  ဦးအထိ ရှိလာခဲ့သည်။ 
နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု သည် ယမန်နေ့ အမြင့်ဆုံးကူးစက်ဖြစ်ပွား သူအရေအတွက် ၇၆၂၂ ဦးထက် ကျဆင်း ခဲ့သော်လည်း ၇၀၀၀ အထက် ရောက်ရှိ ခဲ့သည်မှာ        သုံးရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။ 

 


မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏  ကိုဗစ်-၁၉  အစုလိုက် ကူးစက် ဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း သိရသည်။ 

 


ထပ်မံဖြစ်ပွားသော      ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ၂၇၃၇ ဦး မှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၂၁၄၇ ဦးမှာ ချုံဂီပြည်နယ်မှဖြစ်ပြီး    ၅၆၅  ဦးမှာ အင်ချွန်မှ ဖြစ်သည်။ 

 


ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုများ သည် မြို့တော်မဟုတ်သော  ဒေသတွင် လည်း  ကူးစက်ပျံ့နှံ့လျက်ရှိပြီး အဆိုပါ ဒေသတွင် ကိုဗစ်-၁၉  ထပ်မံ  ကူးစက် ဖြစ်ပွားသူ ၁၈၅၁ ဦး သို့မဟုတ် ၂၅ ဒသမ ၀ ရာခိုင်နှုန်း ရှိလာခဲ့သည်။ 
အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ ၁၅၁ ဦးအထိ ရှိလာခဲ့ပြီး ပြည်ပမှကူးစက် ဖြစ်ပွားသူ ၃၉ ဦးနှင့် ပြည်တွင်းကူးစက် ဖြစ်ပွားသူ ၁၁၂ ဦးဖြစ်ပြီး  လွန်ခဲ့သော ရက်ကထက် သုံးဦးတိုးလာခဲ့ကြောင်း သိရသည်။ ပြည်ပကူးစက်ဖြစ်ပွားသူပေါင်း ၁၆၂၃၆ ဦး ရှိလာပြီဖြစ်သည်။ 

 


ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ် ရသောအခြေအနေခံစားနေရသူ ၉၇၁ ဦး အထိ တိုးလာခဲ့ပြီး   ယမန်နေ့ကထက် ၁၈ ဦး ကျဆင်းခဲ့သည်။   
ကိုဗစ်-၁၉ ကြောင့် ၇၃ ဦး  ထပ်မံ သေဆုံးခဲ့သောကြောင့် စုစုပေါင်းသေဆုံး သူ ၄၅၉၁ ဦးအထိရှိလာခဲ့ပြီး   သေဆုံး နှုန်းမှာ ၀ ဒသမ ၈၃ ရာခိုင်နှုန်းရှိသည်။ 

 


ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက် ကာကွယ်ဆေးထိုးမှုများ   စတင်ပြုလုပ် ခဲ့ချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၃၃၀၀၅၉၅ ဦး  စုစုပေါင်း  နိုင်ငံ့လူဦးရေ၏ ၈၄ ဒသမ ၃  ရာခိုင်နှုန်း     ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့ပြီးဖြစ်သည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့် အဝထိုးနှံပြီးသူပေါင်း ၄၁၉၃၉၀၆၅  ဦး သို့မဟုတ် ၈၁ ဒသမ ၇  ရာခိုင်နှုန်းရှိပြီ ဖြစ်ပြီး အပိုဆောင်းကာကွယ်ဆေးထိုးပြီး သူ ၉၇၈၁၁၆၄ သို့မဟုတ် ၁၉ ဒသမ ၀ ရာခိုင်နှုန်းရှိသည်။ 


ဆင်ဟွာ