
ဆိုးလ် ဒီဇင်ဘာ ၂၇
တောင်ကိုရီးယားနိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက ၄၂၀၇ ဦး တိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၁၁၆၇၀ အထိ ရှိလာခဲ့သည်။
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယမန်နေ့ အမြင့်ဆုံးကူးစက်ဖြစ်ပွားသူအရေအတွက် ၅၄၁၉ ဦး ထက် ရုတ်တရက်လျော့နည်းခဲ့သော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၅၀၀၀ အောက် ရောက်ရှိခဲ့သည်မှာ ဒီဇင်ဘာ ၇ ရက်ကတည်းက ဖြစ်သည်။
မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း သိရ သည်။
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ များအနက် ၁၄၆၆ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ကာ ၁၁၆၀ မှာ ချုံဂီပြည်နယ်မှဖြစ်ပြီး ၂၂၇ ဦးမှာ အင်ချွန်းမှဖြစ် သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် မြို့တော် မဟုတ်သော ဒေသတွင်လည်း ကူးစက်ပျံ့နှံ့လျက်ရှိပြီး အဆိုပါဒေသတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွား သူ ၁၂၇၂ ဦး သို့မဟုတ် ၃၀ ဒသမ ၈ ရာခိုင်နှုန်းရှိလာခဲ့ သည်။
အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ခံရသူ ၄၄၅ ဦးအထိ ရှိလာခဲ့ပြီး နိုင်ငံခြားကူးစက်ဖြစ်ပွားသူ ၁၈၁ ဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၂၆၄ ဦး ဖြစ်ကြောင်း သိရ သည်။
ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ်ရသော အခြေအနေခံစားနေရသူ ၁၀၇၈ ဦးအထိ တိုးလာခဲ့ပြီး ယမန်နေ့ကထက် သုံးဦးလျော့နည်းလာခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် ၅၅ ဦး ထပ်မံသေဆုံးခဲ့သော ကြောင့် စုစုပေါင်းသေဆုံးသူ ၅၃၀၀ အထိ ရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၈၇ ရာခိုင်နှုန်းရှိသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက်ကာကွယ်ဆေး ထိုးမှုများ စတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၃၉၈၂၈၉၀ ဦး စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၂ ဒသမ ၄ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခဲ့ပြီးဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူပေါင်း ၄၂၃၁၄၄၂၁ ဦး သို့မဟုတ် ၈၂ ဒသမ ၄ ရာခိုင် နှုန်း ရှိပြီဖြစ်ကြောင်း၊ အပိုဆောင်းကာကွယ်ဆေးထိုးပြီး သူ ၁၅၂၂၂၂၆၈ သို့မဟုတ် ၂၉ ဒသမ ၆ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။
ဆင်ဟွာ