တောင်ကြီးမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုး ရက်သတ္တပတ်အဖြစ် ကလေးများအား ကာကွယ်ဆေးထိုးနှံ

 

တောင်ကြီး   ဧပြီ   ၂၈


ရှမ်းပြည်နယ်    တောင်ကြီးမြို့  တွင်     ကမ္ဘာ့ကာကွယ်ဆေးထိုး ရက်သတ္တပတ်အဖြစ်   ကာကွယ် ဆေးဖြင့်     ကာကွယ်၍ရသော ရောဂါများ   ဖြစ်ပွားမှု၊  အဆိုပါ ရောဂါများမှ     သေဆုံးမှုမရှိစေ ရန်၊       ပိုလီယိုအကြောသေ ရောဂါ၊       ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါများ    ကင်းဝေး ပပျောက်စေရန်နှင့် ကာကွယ်ဆေး  လွှမ်းခြုံမှုမြင့်မားစွာ  ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍  အသက်နှစ်လ မှသုံးနှစ်အရွယ်     ကလေးများ အား    ကာကွယ်ဆေး  ထိုးနှံ/တိုက်ကျွေးခြင်းကို ယနေ့နံနက် ပိုင်းက     တောင်ကြီးမြို့     မိခင်  နှင့်     ကလေးစောင့်ရှောက်ရေး အသင်း  သားဖွားဆောင်၌ ဆောင် ရွက်ခဲ့သည်။

 


ထိုသို့     ဆောင်ရွက်ရာတွင် ပြည်နယ် ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်  ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး     ဒေါက်တာ တင်ဝမ်း၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေး   ဦးစီးဌာနမှူး   ဒေါက်တာ ဝင်းဝင်းခိုင်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးပြီး     ကာကွယ် ဆေးထိုးနှံ/ တိုက်ကျွေးခြင်းကို ဧပြီ   ၃၀ ရက်အထိ  ဆောင်ရွက်  သွားမည်ဖြစ်ကြောင်းနှင့် တောင် ကြီးမြို့နယ်အတွင်းရှိ   ကျေးလက် ကျန်းမာရေးဌာနများ၊   ဒေသန္တရ ကျန်းမာရေး ဌာနများတွင်လည်း ကာကွယ်ဆေး  ထိုးနှံ/တိုက်ကျွေး ခြင်းများကို       တစ်ပြိုင်တည်း ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။          

ခရိုင်(ပြန်/ဆက်)