တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှခန့်အပ်သည့် ဝန်ထမ်းသစ်များအား ဌာနဆိုင်ရာ ဘာသာရပ်သင်တန်း ဖွင့်လှစ်

 

တောင်ကြီး   နိုဝင်ဘာ   ၆


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်း ခန့်ထားသည့် ဝန်ထမ်းသစ်များအား ဌာနတွင်း ရက်တိုသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီ က တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် ကျိုင်းတုံခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်    ရှမ်းပြည်နယ်    ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက       ဝန်ထမ်းအင်အား ဖြည့်တင်းပေးရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် သြဂုတ်လ တွင်        အလုပ်လျှောက်လွှာများ     ခေါ်ယူခဲ့ပြီး   အောက်တိုဘာ ၁၀ ရက်တွင် ရှမ်းပြည်နယ်အတွင်း ရှိ    ပြည်နယ်၊  ခရိုင်၊  မြို့နယ်ဦးစီးမှူးရုံးများတွင်  စုစုပေါင်းဝန်ထမ်း   ၅၈  ဦးကို    ခန့်ထားပေးခဲ့ပါ ကြောင်း၊    ဝန်ထမ်းသစ်သင်တန်းသား၊   သင်တန်း သူများကို သင်တန်းကာလအတွင်း သင်တန်း ဆရာ များမှ မိမိဝန်ကြီးဌာနမှ စွဲကိုင်ကျင့်သုံးလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဦးစီးဌာန  အလိုက် သက်ဆိုင်သော လုပ်ငန်းစဉ်များနှင့်လုပ်ငန်း ခွင် အတွေ့အကြုံများကို သင်ကြားပို့ချပေးသွားမည် ဖြစ်သည့်အတွက် သေချာစွာ ကြိုးစားသင်ယူကြရန် မှာကြားလိုကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူ များ၏ အကျိုးသာမက မိမိတို့နိုင်ငံသူ၊နိုင်ငံသားတို့၏ အကျိုးစီးပွားများတိုးတက်ရေးတို့ကိုပါ ကြိုးစား ဆောင်ရွက်ပေးကြရန် မှာကြားသည်။ 

 


ဆက်လက်၍ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး၊  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဦးစီးဌာန၊    ပြည်နယ်ဦးစီးမှူး၊   ညွှန်ကြားရေးမှူး  ဦးအောင်မြင့် က  ဌာနဆိုင်ရာ  ဘာသာရပ်သင်တန်းနှင့်   ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။ 

 


အဆိုပါ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်ရုံးများ မှ ခန့်အပ်သည့် ဝန်ထမ်းသစ်များအား ဌာနဆိုင်ရာ ဘာသာရပ်သင်တန်းကို သင်တန်းသား၊သင်တန်းသူ ၅၈ ဦး တက်ရောက်ပြီး သင်တန်းတွင် စီမံ၊ဘဏ္ဍာရပ်၊ အမျိုးသားမှတ်ပုံတင်နှင့်       နိုင်ငံသားဘာသာရပ်၊ လူဝင်မှုကြီးကြပ်ရေးဘာသာရပ်၊  ပြည်သူ့အင်အား ဘာသာရပ်  ဘာသာရပ်လေးမျိုး    ပို့ချသင်ကြား သွားမည်ဖြစ်ကြောင်းနှင့်   သင်တန်းကို   နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်ထိ ၅ ရက် နေ့စဉ် နံနက် ၉ နာရီမှ ညနေ့ ၃ နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 


အင်းသားလေး(တောင်ကြီး)