တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အရှိန်မြှင့်တင်သင့်ကြောင်း သမ္မတ ရာမာဖိုဆာ ပြောကြား

ဂျိုဟန်နစ္စဘတ်    ဇန်နဝါရီ    ၉


တောင်အာဖရိကနိုင်ငံ၌    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့်တင်ဆောင်ရွက် သင့်ကြောင်း တောင်အာဖရိကသမ္မတ ရာမာဖိုဆာက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။


တောင်အာဖရိကနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ယင်း အရေအတွက်သည် အခြားသော အာဖရိကနိုင်ငံ များထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပိုမိုထိုးနှံ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သို့ရာတွင် နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းနီးပါး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်မှုအခြေ အနေသည် တောင်အာဖရိကအစိုးရ မျှော်လင့်ထား သည့် မျှော်မှန်းချက်ထက် လျော့နည်းနေကြောင်း လည်း သိရသည်။


ကိုးကား-စီအင်န်အေ
ဘာသာပြန်-အလင်းသစ်