တစ်ရက် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၁၂၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက် သရက်မြို့သို့ရောက်ရှိ

 

သရက်  အောက်တိုဘာ  ၂၄


မကွေးတိုင်းဒေသကြီး    သရက် ခရိုင်   ပြည်သူ့ဆေးရုံဝင်းအတွင်း ၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉     ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ တို့ ပူးပေါင်းတည်ဆောက်သည့် အလျား  ပေ  ၄၀၊   အနံ  ပေ   ၃၀၊ အောက်ဆီဂျင်စက်ရုံတွင်တပ်ဆင် မည့်   အောက်ဆီဂျင်စက်သည် အောက်တိုဘာ  ၂၃  ရက် နံနက် ၁၀ နာရီက ရောက်ရှိသည်။

 


အဆိုပါအောက်ဆီဂျင်စက်မှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ထောက်ပံ့ခြင်းဖြစ်ပြီး သရက် ခရိုင်အတွင်းရှိ သရက်၊ အောင်လံ၊ မင်းတုန်း၊ ဆင်ပေါင်ဝဲမြို့နယ်တို့ အတွက်  အောက်ဆီဂျင်စက် ရရှိ ပြီး     မင်းလှမြို့နယ်တွင် ဒေသခံ ပြည်သူများ     စီစဉ်ဆောက်လုပ် နေမှုအတွက်   ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့ပေးခဲ့သည်။

 


သရက်မြို့ရှိ အောက်ဆီဂျင် စက်ရုံ      စတင်လည်ပတ်ပါက တစ်နာရီလျှင်    လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုးငါးလုံး ထွက်ရှိ မည်ဖြစ်ပြီး တစ်ရက် အောက်ဆီ ဂျင်အိုး အလုံး ၁၂၀ ရရှိမည်ဖြစ် ကြောင်း      ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ညွန့်ရွှေအောင်   ထံမှ သိရသည်။          


ခရိုင်(ပြန်/ဆက်)