
ယခုတစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်၌ ဆန်၊ ကြက်သွန်နီနှင့် ကုလားပဲဈေးများ အနည်းငယ်မြင့်တက်လာခဲ့ပြီး အာလူး၊ ကြက်သွန်ဖြူ၊ စားအုန်းဆီ၊ မတ်ပဲနှင့် ပဲစင်းငုံတို့မှာ ဈေးနှုန်း ပြန်လည်ကျဆင်းလာခဲ့သည်။
ဆန်
သီတင်းတစ်ပတ်အတွင်း ရန်ကုန်ဆန်ဈေးကွက်၌ ဈေးနှုန်း မြင့်တက်လာခဲ့ပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ် ၈၅၀၀၀ မှ ၉၃၀၀၀၊ ပုသိမ်-မြောင်းမြပေါ်ဆန်း တစ်အိတ် ကျပ် ၇၀၀၀၀၊ ဖျာပုံပေါ်ဆန်း တစ်အိတ် ကျပ် ၆၈၀၀၀၊ ပေါ်ကျွဲတစ်အိတ် ကျပ် ၅၃၀၀၀၊ ရက် ၉၀ ဆန်ကြမ်း တစ်အိတ်ကျပ် ၅၀၀၀၀၊ သီးထပ်တစ်အိတ် ကျပ် ၄၂၀၀၀ အသီးသီး ရှိလာသည်။ ဩဂုတ် ၂၄ ရက်တွင် အိမ်အရောက်ပို့ လက်လီ ၂၄ ပြည် ဆန်တစ်အိတ်ဈေးမှာ မြောင်းမြပေါ်ဆန်း ကျပ် ၇၅၀၀၀၊ ဖျာပုံ ကျပ် ၇၂၀၀၀ စသည်ဖြင့် ရှိသည်။
ကုလားပဲ၊ မတ်ပဲနှင့် ပဲစင်းငုံ
ဩဂုတ် ၂၄ ရက်က ရန်ကုန်ပဲဈေးကွက်အတွင်း မတ်ပဲ FAQ/RC တစ်တန်လျှင် ကျပ် ၁၈၄၀၀၀၀၊ SQ/RC တစ်တန်လျှင် ကျပ် ၂၁၄၀၀၀၀၊ ပဲစင်းငုံနီ Red/RC တစ်တန် ကျပ် ၁၉၃၅၀၀၀ နှုန်းရှိလာ သည်။ မတ်ပဲ တစ်တန်တွင် ကျပ် ၃၅၀၀၊ ပဲစင်းငုံ တစ်တန်တွင် ကျပ် ၃၅၀၀၀ ဈေးကျလာခဲ့ခြင်းဖြစ်သည်။ ဩဂုတ် ၂၄ ရက် ကုလားပဲခြမ်း တစ်ပိဿာဈေးမှာ ကျပ် ၄၂၀၀-၄၄၀၀ ရှိပြီး ဈေးထပ်မံမြင့်တက်လာ သည်။
စားအုန်းဆီ
ဩဂုတ် ၂၂ ရက်မှ ၂၈ ရက်အထိ အထိုင်လက်ကားရည်ညွှန်းဈေးအရ စားအုန်းဆီတစ်ပိဿာ ကျပ် ၄၈၆၀ ဖြစ်လာရာ ယခင်အပတ်ထက် တစ်ပိဿာ ကျပ် ၇၂၀ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ရန်ကုန် ပြင်ပဆီ ဈေးကွက်တွင်မူ ပြီးခဲ့သည့်အပတ်က လက်ငင်းအလှယ်တစ်ပိဿာ ကျပ် ၁၀၀၀၀ နှုန်းရှိရာမှ ယခုအပတ်တွင် ကျပ် ၉၄၀၀-၉၃၀၀ ဖြစ်လာ ခဲ့သည်။
ကြက်သွန်နီ/ကြက်သွန်ဖြူ/အာလူး
ယခုလ ၂၃ ရက်က ဈေးကွက်သို့ ကြက်သွန်နီ ပိဿာချိန် ၁၂၀၀၀၀၊ ၂၄ ရက်က ပိဿာချိန် ၁၈၀၀၀၀ ဝင်ရောက်လာခဲ့သည်။ ဈေးနှုန်းများ တည်ငြိမ်နေကာ လက်ရှိတွင် ဆိပ်ဖြူလက်ကား တစ်ပိဿာလျှင် ကျပ် ၂၃၀၀ မှ ၂၉၀၀၊ မုံရွာတစ်ပိဿာလျှင် ကျပ် ၂၄၅၀ မှ ၃၀၀၀ နှုန်း ရှိနေသည်။ ကြက်သွန်ဖြူဈေးနှုန်းများမှာ ရှမ်းအောင်ပန်း ကြက်သွန်ဖြူ တစ်ပိဿာ ၂၄၀၀ -၄၀၀၀ ကျပ်၊ ကြူကုတ် ၃၈၅၀ ကျပ်ဖြစ်သည်။ အာလူးမှာမူ တရုတ်အာလူးသဲသီး တစ်ပိဿာ ကျပ် ၂၀၅၀၊ ရေဆေးသီး ကျပ် ၁၉၅၀ နှင့် ရှမ်းအောင်ပန်း ကျပ် ၁၄၅၀-၂၂၀၀ ဈေးရှိသည်။
အောင်ခင်နိုင်