တစ်ပတ်အတွင်း ဘုရင့်နောင်ကုန်စည်ဈေးကွက်

 

ယခုသီတင်းပတ်အတွင်း    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဈေးကွက်၌ စားအုန်းဆီ၊ ပဲစင်းငုံနီနှင့် ငရုတ် ဈေးတက်ပြီး နွေဆန်ကြမ်း ပေါ်ဆန်း ဆန် ဈေးကျဆင်းလာသည်။
ဆန်
ယခုတစ်ပတ်အတွင်း   နွေဆန်ကြမ်း   ဈေးကျပြီး  ဈေးကွက်တွင် ဝယ်လိုအားနည်းသည်။ ပေါ်ဆန်းဆန်သစ်များ တစ်အိတ် ကျပ် ၁၅၀၀ ဝန်းကျင် ဈေးကျသည်။ နွေဆန်ကြမ်းအသစ် သီးထပ်တစ်အိတ် ကျပ် ၅၁၀၀၀၊ ရက် ၉၀ အသစ် ကျပ် ၅၇၀၀၀၊  နှံကားအသစ် ကျပ် ၅၁၀၀၀၊ အဟောင်း ကျပ် ၅၄၀၀၀၊ ပေါ်ကျွဲအသစ် ကျပ် ၆၀၀၀၀၊ ဘိုကလေး ပေါ်ဆန်း တစ်အိတ် ကျပ် ၆၇၀၀၀၊ ဖျာပုံ ကျပ်  ၆၉၀၀၀၊ မြောင်းမြ ကျပ် ၇၃၀၀၀၊  ရွှေဘို ကျပ်  ၈၇၀၀၀ နှုန်း  ဈေးရှိနေသည်။
စားအုန်းဆီ
ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၅ ရက်အထိ  ရန်ကုန်အထိုင်  အခြေခံ လက်ကားရည်ညွှန်းဈေးမှာ စားအုန်းဆီတစ်ပိဿာ ကျပ် ၄၆၀၀ နှုန်း ဖြစ်ရာ ယခင်အပတ်ထက် ရည်ညွှန်းဈေးတစ်ပိဿာ ကျပ် ၁၃၀ ဈေး တက်လာသည်။ ပြည်ပစားအုန်းဆီ တစ်တန်ဈေးနှုန်းမှာလည်း ယခင် အပတ်က  ၁၀၁၇ ဒေါ်လာနှုန်းရှိရာမှ ယခုအပတ်တွင် ၁၀၄၄ ဒေါ်လာ နှုန်းသို့ မြင့်တက်လာသည်။ ရည်ညွှန်းဈေး တစ်ပိဿာ ကျပ် ၁၃၀ မြင့်လာချိန် မတ် ၁ ရက် ရန်ကုန်ဆီဈေးကွက်တွင် လက်ငင်းဆီ အလှယ် လက်ကားပီပါဈေးမှာ တစ်ပိဿာ ကျပ် ၇၃၅၀ နှုန်းရှိပြီး ဈေးငြိမ်နေသည်။
ပဲ
မတ် ၁ ရက် ရန်ကုန်ပဲဈေးကွက်တွင် မတ်ပဲ (RC) တစ်တန် ကျပ် ၁၈၅၈၅၀၀၊ (SQ/RC) တစ်တန် ကျပ် ၂၀၈၀၅၀၀၊ ပဲစင်းငုံနီ (Red/RC)တစ်တန်ကျပ် ၂၁၆၀၀၀၀၊ ပဲတီစိမ်းခရမ်းရွှေဝါ(ထိပ်စ)တစ်ပိဿာ ၃၉၁၅ ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ ကျပ်  ၄၁၀၀-၄၄၀၀ နှုန်းရှိသည်။
ကြက်သွန်နီ
ယခုလအတွင်း ပွဲရုံဖွင့်ရက်ပေါင်း ၂၄ရက်တွင် နယ်စုံမှ မိုးကြက်သွန်နီ အသစ်ပိဿာချိန်   ၄၃၈၀၀၀၀   ဝင်ရောက်ခဲ့သည်။   ကြက်သွန်မှာ လကုန်ပိုင်းတွင် ဈေးနှုန်းအနည်းငယ် ပြန်မြင့်တက်လာသည်။ မတ် ၁ ရက်တွင် နယ်စုံကြက်သွန်နီ  ပိဿာချိန်  ၂၄၀၀၀၀  ဝင်ရောက်ခဲ့ သည်။  ဖေဖော်ဝါရီ  ၂၈ ရက် ရန်ကုန်ဈေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာ လက်ကားဈေးနှုန်းများမှာ ဆိပ်ဖြူ(ပင်လေး) ၁၁၇၅ ကျပ်၊ မြစ်သား ကျပ် ၁၄၅၀- ၁၆၅၀  နှုန်းရှိသည်။ ပခုက္ကူဈေးကွက်တွင် မတ်  ၁ ရက် ကြက်သွန်နီ ယောစအမြင့်ဆုံးတစ်ပိဿာ ကျပ် ၁၁၅၀ နှုန်းရှိသည်။
ကြက်သွန်ဖြူ/ အာလူး 
မတ် ၁ ရက်    ရန်ကုန်ကြက်သွန်ဖြူဈေးကွက်၌    အောင်ပန်း ရှမ်းကြက်သွန်ဖြူအသစ် လက်ကား တစ်ပိဿာ ကျပ် ၄၁၀၀- ၄၈၀၀ နှုန်းရှိသည်။ မတ် ၁ ရက် ရန်ကုန်အာလူး‌ဈေးကွက်တွင် ဆင်ဖြူကျွန်း အာလူး လက်ကားတစ်ပိဿာ ကျပ် ၁၂၀၀- ၁၅၀၀ နှုန်း၊ ပခုက္ကူအာလူး ကျပ် ၂၀၅၀  နှုန်း အသီးသီးရှိနေသည်။                        အောင်ခင်နိုင်