တစ်ပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများ

 

ဆန်


ဆန်ဈေးကွက်အတွင်း   ဆန်ချောများ    ပိုမို အရောင်းသွက်လျက်ရှိပြီး  ဇွန် ၉ ရက်  ဈေးကွက် အတွင်း ပေါ်ဆန်းတစ်အိတ် ကျပ် ၄၇၅၀၀ မှ ကျပ် ၄၉၀၀၀၊ ကြားပျံရှယ် တစ်အိတ်လျှင် ကျပ် ၅၂၀၀၀   မှ ကျပ်  ၅၄၀၀၀၊ ခွံနီ တစ်အိတ်လျှင် ကျပ်  ၃၈၀၀၀ မှ ကျပ် ၄၀၀၀၀၊  ရက်   ၉၀  ရှယ်  တစ်အိတ်လျှင်  ကျပ်  ၃၅၀၀၀ မှ ကျပ်   ၃၆၀၀၀ စသည်ဖြင့် ဈေး သတ်မှတ်ရောင်းချလျက်ရှိသည်။

 


ဆီ


ဆီဈေးနှုန်းများတွင်    မြေပဲဆီနှင့်    နှမ်းဆီ တစ်ပိဿာလျှင် ကျပ်   ၉၅၀၀၊  စားအုန်းဆီ တစ်ပိဿာလျှင်   ကျပ်   ၆၂၀၀   နှုန်းရှိသည်ကို  တွေ့ရသည်။

 


ပဲအမျိုးမျိုး


မတ်ပဲတစ်တန်လျှင် ကျပ်  ၁၅၁၃၀၀၀၊ ပဲစင်းငုံ တစ်တန်လျှင် ကျပ်  ၁၃၇၀၀၀၀၊ ပဲတီစိမ်းတစ်တန် ကျပ်  ၁၃၂၈၉၀၀၊  ကုလားပဲဖြူလုံးကြီး     တစ်တန် လျှင် ကျပ် ၁၄၉၁၂၀၀၊ ပြောင်းဆန် တစ်တန်လျှင် ကျပ်  ၆၈၅၉၀၀ ဖြစ်ကြောင်း သိရသည်။

 


စားဖိုဆောင်သီးနှံ


ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်း ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၀၅၀  မှ  ကျပ် ၁၄၅၀  အထိ ဈေးမြင့်တက်လာခဲ့သည်။ ကြက်သွန်ဖြူ ကြူကုတ် တစ်ပိဿာ  ကျပ် ၂၈၀၀၊  ရှမ်းစ တစ်ပိဿာ  ကျပ် ၃၈၀၀၊   ချင်း တစ်ပိဿာ  ကျပ်  ၄၀၀၀၊  နနွင်း တစ်ပိဿာ ကျပ် ၅၀၀၀ ၊ ငရုတ်ပု(သစ်) တစ်ပိဿာ ကျပ် ၉၅၀၀၊  ငရုတ်ရှည် တစ်ပိဿာ ကျပ် ၆၀၀၀ ဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်မှုဌာန(ရန်ကုန်)မှ သိရသည်။                                          

ကိုရိုး