
ရန်ကုန် စက်တင်ဘာ ၁၅
စက်တင်ဘာ ၈ရက်မှ ၁၄ရက်အတွင်း ဘုရင့်နောင်ကုန်စည် ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းစံချိန်တင်မြင့်တက်လာခဲ့ပြီး စားအုန်း ဆီ၊ မတ်ပဲနှင့် ပဲစင်းငုံဈေး ကျဆင်းလာခဲ့သည်။
ဆန်
ပြည်ပပို့ရန် ဆန်ကွဲလိုအပ်ချက်ရှိ၍ ရန်ကုန်ဆန်ဈေးကွက်၌ ဆန်ကွဲ ဈေးနှုန်းမှာ ဆန်ကြမ်းဈေးနှုန်းဝန်းကျင်သို့ မြင့်တက်လာသည်။ ပြည်ပ ပို့ဆန်ကွဲ တစ်အိတ် ကျပ် ၃၉၀၀၀ ရှိချိန် သီးထပ်ဆန်ကြမ်း တစ်အိတ် ဈေးနှုန်း ကျပ် ၄၂၀၀၀ ဝန်းကျင် ရှိနေသည်။ ရက် ၉၀ ရှယ်ဆန်ကြမ်း တစ်အိတ် ကျပ် ၅၀၀၀၀၊ ပေါ်ကျွဲ ကျပ် ၅၃၀၀၀၊ ဖျာပုံပေါ်ဆန်း ကျပ် ၆၈၀၀၀၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်း ကျပ် ၇၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ကျပ် ၈၅၀၀၀-၉၂၀၀၀ နှုန်းအသီးသီးဖြင့် ဈေးငြိမ်နေဆဲရှိသည်။
ပဲမျိုးစုံ
စက်တင်ဘာ ၁၄ရက်က မတ်ပဲ FAQ RC တစ်တန် ကျပ် ၁၉၈၅၀၀၀၊ SQ/RC တစ်တန် ကျပ် ၂၂၉၅၀၀၀၊ ပဲစင်းငုံနီ Red/RC တစ်တန် ကျပ်၂၀၇၅၀၀၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၄၄၀၀-၄၇၀၀ နှုန်း ရှိသည်။
စားအုန်းဆီ
ယခုအပတ်တွင် ရည်ညွှန်းဈေး တစ်ပိဿာလျှင် ငွေကျပ် ၄၉၀ နှုန်း ဈေး ကျဆင်းလာခဲ့သည်။ စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးမှာ စားအုန်းဆီ တစ်ပိဿာ ကျပ် ၄၇၃၀ သာ ရှိသည်။ ရည်ညွှန်းဈေးကျသကဲ့သို့ ရန်ကုန်စားအုန်းဆီ ပြင်ပဈေးကွက်တွင်လည်း အလှယ်လက်ကားလက်ငင်းပီပါ ဈေး တစ်ပိဿာ ကျပ် ၇၆၀၀ - ၇၈၀၀ နှုန်းဖြင့် စက်တင်ဘာ ၁၄ ရက်တွင် ရောင်းချနေကြသည်။
ကြက်သွန်နီ/ကြက်သွန်ဖြူ
ဘုရင့်နောင်ဈေးကွက်သို့ တရုတ်ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၇၅၀ နှုန်းဖြင့် ဝင်ရောက်လာပြီး တစ်ပတ်အတွင်း ကျပ် ၂၅၀၀ အထိ ဈေးကျဆင်းလာသည်။ ဆိတ်ဖြူကြက်သွန်နီမှာမူ ငွေကျပ် ၃၃၀၀ မှ ၃၆၀၀ အတွင်း တစ်ပိဿာဈေး ရှိလာခဲ့သည်။ မုံရွာကြက်သွန်နီမှာမူ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ မှ ၃၈၅၀ အထိ ရှိခဲ့သည်။ ရှမ်း ကြက်သွန်ဖြူလက်ကား တစ်ပိဿာ ကျပ် ၂၇၀၀ မှ ၄၂၀၀ အထိ ဈေးနှုန်းအသီးသီးရှိသည်။
အောင်ခင်နိုင်