
နေပြည်တော် အောက်တိုဘာ ၆
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) (၈) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကျင်းပရေးနှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးပွဲသည် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားတွင် မိမိတို့ဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ် များကို အကောင်းဆုံး ဝိုင်းဝန်း ပံ့ပိုးဆောင်ရွက်ကြရန်နှင့် အပြု သဘော ဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က ဝန်ကြီးဌာနအနေဖြင့် ပါဝင် ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ် သည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြခန်းတွင် ခင်းကျင်းပြသမည့် ပြခန်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် စပ်လျဉ်း သည့် ကြိုဆိုနေရာချထားရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်